သန့်စင်သော ကလစ်လက်များ



“သန့်စင်သော ကလစ်လက်များ”

ချစ်ခင်တဲ့ လက်
ကလစ်တင်မယ့် လက်
အသစ်ပြင်မယ့် လက်

အဟောင်းမတွယ်တဲ့ လက်
မဝှက်ကွယ်တဲ့ လက်
နှစ်လိုဘွယ် ကလစ်လက်



တေးသီတဲ့ လက်
ဖေးကူမယ့် လက်
အရေးတူတဲ့ လက်

ခွဲမထွက်မယ့် လက်
တွဲဆက်မယ့် လက်
အမြဲတစ်သက် ဆုပ်ကိုင်ထားမယ့် လက်



သခင်မှိင်းရဲ့လက် တော်စတွိင်းရဲ့လက်
ဗိုလ်ချုပ်ရဲ့လက် ဂန္ဒီရဲ့လက်
ဦးသန့်ရဲ့လက် ကစ်ဆင်းဂျားရဲ့လက်
အမေစုရဲ့လက် မင်ဒဲလားရဲ့လက်
ကမ္ဘာမြေကိုပွေ့ဖက် သန့်စင်တဲ့လက်များ တို့ လိုအပ်တယ်…

ငြိမ်းချမ်းရေးကို တပ်မက် သန့်စင်တဲ့လက်များ တို့ လိုအပ်တယ်…



လူသားအတွေးနဲ့ ခရီးဆက်
သန့်စင်တဲ့လက်များ တို့လိုအပ်တယ်…

အမှန်တရားနဲ့ လက်ဆက် သန့်စင်တဲ့လက်များ တို့ လိုအပ်တယ်…

တော်လှန်ရေးအတွက် ပွဲထွက် ကလစ်ကူမယ့်လက်များ တို့ လိုအပ်တယ်။

လက်ဆိုတာ…
ချုပ်ကိုင်ရင်ရိုင်းတဲ့အမျိုးမို့
မိုးလောက်ကြီးမြင့်မြင့်
မြေလောက်ကြီးကြီး
The Sea လောက် ကျယ်ကျယ်
သန့်စင်နေမှ ချစ်စရာကောင်းတယ်…



လက်ဆိုတာ…
ယူတဲ့အခါ ကြည်သာသလို
ပေးရင်လည်း ဝေဖြာမှ လှတယ်…

လက်ဆိုတာ…
ကြည့်ကောင်းရုံလှလှ ဟန်ပြဖို့သက်သက်မဟုတ်…
မာမာထန်ထန်မာန်တက် ရန်စွက်ရုံသက်သက်မဟုတ်…
ဟိုယိမ်းသည်းယိမ်း ငြိမ့်ငြိမ့်လေးဆို
ရှက်စရာကောင်းတယ်…



တစ်သက်တစ်ခါ လူလာဖြစ်တာမို့…
မြသွဲ့သွဲ့ခိုင်ရဲ့လက်
ညီညီအောင်ထက်နိုင်ရဲ့လက်
ကြယ်စင်လေးရဲ့လက်
ချစ်မင်းသူရဲ့လက်
ကေဇာဝင်းရဲ့လက်
အင်းစက်ရဲ့လက်
တလက်လက်ထ တောက်ပနေတဲ့လက်တွေ သန့်စင်ခိုင်မာသွားကြပေရဲ့။

ခင်ဗျားရဲ့လက် ကျနော့်ရဲ့လက်
ဟိုလူ သည်လူ အရေးတူတဲ့ ငါတို့လက်တွေ
ကလစ်ကူရင်း ခရီးဆက်ကြစို့။

 

မေတ္တာဖြင့်

မင်းလှမင်းခေါင်



Comments

  1. Believe you can...💪🍀❤️

    ReplyDelete
  2. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  3. ကလစ်ကူရင်းခရီးဆက်နေတဲ့လက်

    ReplyDelete
  4. Every clickers matter
    Every clicks matter
    Don't give up
    Keep Going

    ReplyDelete
  5. ကြိုးစားတိုးပွားအောင်ကလစ်မည့်clickers💪💪💪

    ReplyDelete
  6. We are winner
    Fighting together
    အဆုံးထိတိုက်သွားမယ်💪💪

    ReplyDelete
  7. every clicker is fighter...we fight and we will win together...

    ReplyDelete
  8. နေဝင်ညကိုကူးဖြတ်ရဲမှရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်

    ReplyDelete
  9. သန့်စင်သော ကလစ်လက်များ

    ReplyDelete
  10. ဖြည့်ဆည်း​ပေးဖို့ဆို
    မင်းကိုပဲ ​တွေးနေခဲ့တာ
    အ​ပေါစား သစ္စာစကား​တွေနဲ့
    ငါ့ကို ပစ်သွား ...
    အစက မခွဲနိုင်ဘူးဆိုပြီး
    ​မင်း ခြွေခဲ့တာ
    အခုမှ မဖြစ်နိုင်ဘူးဆိုပီး
    မျက်ရည်​​တွေဝဲ
    Youtube မှာ တင်ထားတဲ့ သီချင်းပါ

    ReplyDelete
  11. တာဝန်ကျေတဲ့လက် DONE ပြီးပါပြီခင်ဗျာ

    ReplyDelete
  12. သိုင်းကျူးပါမင်မင်
    နောက်တစ်ပုဒ် သုံးချင်ရင် ကလစ်ကာအားဆေးပေါ့
    "ယုံကြည်ရာလမ်း"

    လမ်းတွေဟာ ကောက်တယ်
    လမ်းတွေဟာ ကွေ့ဝိုက်တယ်
    လမ်းတွေဟာ စောင်းတယ်
    လမ်းတွေဟာ တိမ်းတယ်
    လမ်းတွေမှာ အဖုအထစ်တွေရှိတယ်
    လမ်းတွေမှာ ချိုင့်ခွက်တွေရှိတယ်
    လမ်းတွေမှာ ဖုန်တသောသောထတယ်
    လမ်းတွေမှာ နှင်းမိုးတွေကျတတ်တယ်
    လမ်းတွေမှာ လှိုင်းတွေထတတ်တယ်
    ဘာများဆန်းလို့လဲ...

    အမှောင်ကမ္ဘာထဲက ထွက်မြောက်ဖို့
    တို့လျှောက်တဲ့လမ်းတွေမှာ
    တချို့ဟာ အသက်ကို စတေးခဲ့ကြတယ်
    တချို့ဟာ ခန္ဓာအစိတ်အပိုင်းကို ခွဲခွာခဲ့ကြတယ်
    တချို့ဟာ မိသားစုနဲ့ ​​ဝေးကွာ​​ကြရတယ်
    တချို့ဟာ ဘဝကို စွန့်ထားခဲ့ကြတယ်
    တချို့ဟာ ပိတ်ဆို့လှောင်ဖွဲ့မှုမှာ လည်စင်းခံနေကြရတယ်

    ဆလိုင်းတို့ စိုင်းတို့လမ်း ကြမ်းနေဆဲ
    ဒူဝါတို့ စောတို့လမ်း ကြမ်းနေဆဲ
    တေဇာတို့ ဇေယျာတို့လမ်း ကြမ်းနေဆဲ
    သို့ပေမယ့်... လမ်းတွေထဲ သူတို့လျှောက်နေဆဲ

    ကိုယ့်လမ်းကိုယ်ဖောက်
    မရောက်ရောက်အောင်သွားမယ်
    ကိုယ့်လမ်းကိုယ်လျှောက်
    အဆုံးထိရောက်ရမယ်
    ကိုယ့်လမ်းကိုယ်ထွင်
    အသစ်ပြင်ဆင်ကြမယ်

    ငါတို့ဟာ လမ်းဖောက်သူတွေဖြစ်တယ်
    ငါတို့ဟာ ကလစ်ခေါက်သူတွေဖြစ်တယ်
    ငါတို့ဟာ အသစ်တည်ဆောက်ရေးသမားတွေဖြစ်တယ်
    လမ်းချင်းတူလို့ လူချင်းတွေ့ကြဖို့
    ကလစ်ခေါက်ပြီး အသစ်ဆောက်ကြမယ်
    ငါတို့ နွေဦးဟာ အသစ်အသစ်တွေထက်
    ပိုသစ်နေတဲ့ လမ်းသစ်ဖြစ်တယ်ဆိုတာ... ယုံ။

    "ယုံကြည်ရာလမ်း"

    လမ်းတွေဟာ ကောက်တယ်
    လမ်းတွေဟာ ကွေ့ဝိုက်တယ်
    လမ်းတွေဟာ စောင်းတယ်
    လမ်းတွေဟာ တိမ်းတယ်
    လမ်းတွေမှာ အဖုအထစ်တွေရှိတယ်
    လမ်းတွေမှာ ချိုင့်ခွက်တွေရှိတယ်
    လမ်းတွေမှာ ဖုန်တသောသောထတယ်
    လမ်းတွေမှာ နှင်းမိုးတွေကျတတ်တယ်
    လမ်းတွေမှာ လှိုင်းတွေထတတ်တယ်
    ဘာများဆန်းလို့လဲ...

    အမှောင်ကမ္ဘာထဲက ထွက်မြောက်ဖို့
    တို့လျှောက်တဲ့လမ်းတွေမှာ
    တချို့ဟာ အသက်ကို စတေးခဲ့ကြတယ်
    တချို့ဟာ ခန္ဓာအစိတ်အပိုင်းကို ခွဲခွာခဲ့ကြတယ်
    တချို့ဟာ မိသားစုနဲ့ ​​ဝေးကွာ​​ကြရတယ်
    တချို့ဟာ ဘဝကို စွန့်ထားခဲ့ကြတယ်
    တချို့ဟာ ပိတ်ဆို့လှောင်ဖွဲ့မှုမှာ လည်စင်းခံနေကြရတယ်

    ဆလိုင်းတို့ စိုင်းတို့လမ်း ကြမ်းနေဆဲ
    ဒူဝါတို့ စောတို့လမ်း ကြမ်းနေဆဲ
    တေဇာတို့ ဇေယျာတို့လမ်း ကြမ်းနေဆဲ
    သို့ပေမယ့်... လမ်းတွေထဲ သူတို့လျှောက်နေဆဲ

    ကိုယ့်လမ်းကိုယ်ဖောက်
    မရောက်ရောက်အောင်သွားမယ်
    ကိုယ့်လမ်းကိုယ်လျှောက်
    အဆုံးထိရောက်ရမယ်
    ကိုယ့်လမ်းကိုယ်ထွင်
    အသစ်ပြင်ဆင်ကြမယ်

    ငါတို့ဟာ လမ်းဖောက်သူတွေဖြစ်တယ်
    ငါတို့ဟာ ကလစ်ခေါက်သူတွေဖြစ်တယ်
    ငါတို့ဟာ အသစ်တည်ဆောက်ရေးသမားတွေဖြစ်တယ်
    လမ်းချင်းတူလို့ လူချင်းတွေ့ကြဖို့
    ကလစ်ခေါက်ပြီး အသစ်ဆောက်ကြမယ်
    ငါတို့ နွေဦးဟာ အသစ်အသစ်တွေထက်
    ပိုသစ်နေတဲ့ လမ်းသစ်ဖြစ်တယ်ဆိုတာ... ယုံ။

    (click ခေါက်ပြီး တော်လှန်ရေးလုပ်တာ ကမ္ဘာမှာ ငါတို့က အသစ်လွင်ဆုံး)

    သစ္စာဖြင့်
    မင်းလှမင်းခေါင်

    (click ခေါက်ပြီး တော်လှန်ရေးလုပ်တာ ကမ္ဘာမှာ ငါတို့က အသစ်လွင်ဆုံး)

    သစ္စာဖြင့်
    မင်းလှမင်းခေါင်

    ReplyDelete
    Replies
    1. နှစ်ခါထပ်သွားတယ် ဆောရီးမင်မင်

      Delete
    2. ဖတ်ရတာအားတက်တယ်ဗျာ

      Delete
    3. ဆရာ copy ယူလို့ရမလားရှင့်

      Delete
  13. We Click, We Support and We Win.

    ReplyDelete
  14. ကျွန်ဝောာ် ခြေထောက်နဲ့ ကလစ်တာပါ

    ReplyDelete
  15. ဟိုင်း !
    ဟာင်းတာနင်ယူ အသစ်ငါ့ပေး
    မအလသည် ထွေးမသား

    ReplyDelete
  16. သန့်စင်တဲ့လက် click တဲ့လက်

    ReplyDelete
  17. Replies
    1. Click တစ်ခုချင်းကနေ အောင်ပွဲတွေရရှိပါစေ

      Delete
  18. ကလစ်ကူတဲ့လက်🤍🤍🤍

    ReplyDelete
  19. ပြောချင်တာ ပြောလိုက်တော့မယ်နော်
    စိတ်ပျက်တယ် ပေါ်ပင်တွေရယ်
    PDF တွေအဖမ်းခံရပီတဲ့ဟေ့ ဆိုရင်
    စုပြုံပလုံ ဝင်လာကြ
    နောက် ၁ရက် ၂ ရက်ဆိုရင် အစအနပျောက် ပေါ်မလာ

    မလာရင်လဲ အစထဲမလာပါနဲ့
    လင်ကြီး/ မယားကြီးလို တစ်သက်တာ နေရာယူကြပါကွယ်
    လင်ငယ်/ မယားငယ်လို မှိတ်တုတ် မှိတ်တုတ် မလုပ်ကြပါနဲ့

    ရိုင်းတယ် မပြောနဲ့နော်
    နေ့တိုင်း အကောင့်၂ခုနဲ့ ည ၂ နာရီထိ ဝင်ကြည့်ထားရလို့ပါရှင့်

    ReplyDelete
  20. နှိပ်ပြီးပါဗြီ...

    ReplyDelete
  21. 24/Nov
    weclick4pdf.com 
    raungni.com
    pyithuarr.com
    pyithubawa.com

    ReplyDelete
  22. All clicker be healthy👍👍👍

    ReplyDelete
  23. ဝေယံထွန်းလေးလည်းမပါဘူး😰😰

    ReplyDelete
  24. သန့်စင်တဲ့လက်လို့တော့မခံယူထားပါဘူး ရှိနေတဲ့လက်နှစ်ဖက်နဲ့ တော့ ကလစ်နိုင်သမျှ ကလစ်နေဦးမှာပါ ရေးတော်ပြုကြီး အောင်မြင်တဲ့အထိ။KTM...

    ReplyDelete
  25. သန့်စင်သောကလစ်

    ReplyDelete
  26. ေဖဖော်ဝါရီမတိုင်ခင်ကတော့ဘောပင်ကိုင်တဲ့လက်...အဲ့အခုတော့စက်ချုပ်တဲ့လက်..ကလစ်တဲ့လက်...

    ReplyDelete
  27. Click လေးတွေနှိပ်ပြီးကိုယ်တတ်နိုင်သလောက်လေး လုပ်နေရတာကိုပဲ မင်မင်တို့ကို ကျေးဇူးတင်လှပါပြီ

    ReplyDelete
  28. PDFတွေဟာငါတို့ရဲ့မျော်လင့်ချက်ပါ

    ReplyDelete
  29. This comment has been removed by the author.

    ReplyDelete
  30. Golder Finger Clicker

    ReplyDelete
  31. သန့်စင်သော ကလစ်လက်များ

    ReplyDelete
  32. သန့်စင်သော ကလစ်လက်များ

    ReplyDelete
  33. အာဏာရှင်ကိုအမြစ်ပါလှန်မဲ့ခက်

    ReplyDelete
  34. အာဏာရှင်ကိုအမြစ်ပါမကျန်တွန်းလှန်မဲ့လက်

    ReplyDelete
  35. Freeze Payments To Junta ✊🏻✊🏻✊🏻

    ReplyDelete
  36. အားတဲ့အချိန်တိုင်း.Click နေပါတယ်

    ReplyDelete
  37. သန့်စင်သောလက်

    ReplyDelete
  38. ကြီးမားထဲ့ ဖြစ်ထွန်းမှုတွေဟာ
    သေးငယ်တဲ့ စဉ်ဆက်မပျက်ကြိုးစားမှုလေးတွေကနေ
    ဖြစ်တည်လာခဲ့တာကို သတိရနေပေးပါ။

    ReplyDelete
  39. အဆုံးထိကလစ်မဲ့လက်

    ReplyDelete
  40. ❤❤❤သန့်စင်တဲ့လက်❤❤❤

    ReplyDelete
  41. အမှန်တရားအတွက် နာနတ်သီးကိုင်တဲ့လက် ဓားကိုင်တဲ့လက်💯🦚

    ReplyDelete
  42. Wake Up To Reality 🥷

    A World Of Only Victors
    A World Of Only Peace
    A World Of Only Love

    We Will Create Such A World

    We Are The Shawdow Of PDFs🔥

    ReplyDelete
  43. မအလ ကို ဂွေးသင်း မဲ့ လက်😅😆😁
    မဲလုံး ကို ကြင်စီုး မဲ့ လက်။ စိုးဝင်း ကို ဖင်ချ မဲ့လက် 😆🤣🙃🤣🙃🤣🙃🤣🤣🤣

    ReplyDelete
  44. lovely fingers������������

    ReplyDelete
  45. သိပ်ကောင်းတဲ့ခေါင်းစဉ်ပါပဲ

    ReplyDelete
  46. ​အောင်မြင်ပါ​စေ

    ReplyDelete
  47. ပြည်သူ့အား👍👍👍

    ReplyDelete
  48. Done💪🏻💪🏻💪🏻💪🏻

    ReplyDelete
  49. တွဲဆက်မယ့်လက်

    ReplyDelete
  50. We are Clickers for our People Revolution.

    ReplyDelete
  51. စိတ်ပျော်လည်း Click
    စိတ်မပျော်လည်း Click
    Click လို့ရတုန်း Click

    ReplyDelete
  52. အားတိုင်း click
    စော်နဲ့ပြတ်လဲ click

    ReplyDelete
  53. အရှုံးမပေးတဲ့လက်

    ReplyDelete
  54. သန့်စင်သောလက်တွေသန်မာပါစေ

    ReplyDelete
  55. သန့်စင်သော လက်များ

    ReplyDelete
  56. စည်းလုံးခြင်းနဲ့တွဲလက်များ

    ReplyDelete
  57. Clean hands, white heart, and beautiful mind💗

    ReplyDelete
  58. 💪💪💪💪💪

    ReplyDelete
  59. ခက်တာပဲ အချစ်ရယ်
    မင်းနဲ့ မဆုံဖူးသေးပဲ 💘
    ကမ္ဘာဆိုတာလည်း ပျက်တော့မယ်😅

    ReplyDelete
  60. ကလစ်ကူးရင်း ခရီးဆက်ကြမယ်

    ReplyDelete
  61. သန်စင်သော ကလစ်လက်များ

    ReplyDelete
  62. Done ❤️❤️❤️💪💪💪😘😘

    ReplyDelete
  63. အမှန်တရားတွက်ရှေ့ဆက်မယ့်လက်

    ReplyDelete

Post a Comment