ပျောက်ဆုံးသွားသော လွတ်မြောက်မှုအား ရှာဖွေခြင်း

ပျောက်ဆုံးသွားသော လွတ်မြောက်မှုအား ရှာဖွေခြင်း

ကျွန်တော်တို့ ကျေးလက်‌‌‌‌‌‌ဒေသတွေမှာက ကိုယ့်ခြံ၊ ကိုယ့်ဝန်းနဲ့ အိမ်ကလေးဆောက်ပြီး တစ်နိုင်တစ်ပိုင် နေကြတာက များတယ်လေ။ တစ်နေ့ အမေက အမှုမဲ့အမှတ်မဲ့ အိမ်ခြံစည်းရိုးထောင့်မှာ အမှိုက်ပစ်ခဲ့တဲ့ အချိန်ကို မှတ်မိနေပါသေးတယ်။ အဲဒီအချိန်တွေတုန်းက ရွာတွေမှာ တကူးတက အမှိုက်ပုံးထားပြီး အမှိုက်ပစ်လေ့ မရှိကြပါဘူး။ သစ်ရွက်ခြောက်တို့၊ ပလပ်စတစ်အိတ်တို့ ထွက်လာရင် မီးပုံမွှေးပြီး မီးရှို့လိုက်ကြတာက များပါတယ်။ ဖြစ်ချင်တော့ ပုံထားတဲ့ အမှိုက်တွေက လေတိုက်ရာ ပါသွားပြီး အိမ်နီးချင်းရဲ့ ခြံစည်းရိုးတစ်ဖက်ကို မတော်တဆ ရောက်သွားတာပါ။ အရင်က အပြန်အလှန် ချစ်ခင်ပြီး အကူအညီပေးကြတဲ့ အိမ်ထောင်စုနှစ်ခုဟာ ဒီလို အသေးအဖွဲကိစ္စလေးကြောင့် အမုန်းပွားပြီး မခေါ်နိုင်၊ မပြောနိုင် ဖြစ်ဖူးတာကို ပြန်တွေးကြည့်ရင် ရှက်စရာကြီးပါပဲ။

အရင်နှစ်တွေတုန်းက ကျွန်တော်တို့ကို အံ့သြဖွယ် ဘဝသင်ခန်းစာတွေ ပေးခဲ့တဲ့ “How to Train Your Dragon” Animation ကားလေးတွေကို ပြန်လည်ခံစား သုံးသပ်ကြည့်ကြရအောင်။ ရန်ဘက်တွေ ဖြစ်နေကြတဲ့ နဂါးနဲ့ လူ့အသိုင်းအ၀ိုင်းနှစ်ခု ပြန်လည်သင့်မြတ်အောင် ကြိုးစားပေးတဲ့ ဇာတ်ကောင်မှာတောင်မှ အဖျက်အဆီး၊ အဟန့်အတားတွေ အများကြီး ရှိခဲ့တာပဲလေ။ Animation ကားမှ မဟုတ်ပါဘူး။ ဇာတ်ကားတိုင်းလိုလိုမှာ ကောင်းမှုဆောင်တာကို မလိုချင်တဲ့ ဗီလိန်ကတော့ ပါစမြဲပါပဲ။ ကိုယ့်လမ်း၊ ကိုယ့်ရွာ၊ ကိုယ့်တိုင်း၊ ကိုယ့်နိုင်ငံက အစချီလို့ ကမ္ဘာကြီးကို သဟဇာတဖြစ်အောင် ဆောင်ကြဉ်းပေးရတဲ့ လူတွေဟာ တိုက်ခိုက်ခြင်းကို မခံရတဲ့လူ မရှိသလောက်ပါပဲ။ ဒါဟာ ဘာလို့လဲ။

လောကကြီးဆိုတာကတော့ အဆိုးတွေနောက်မှာ အကောင်းတွေရှိနေတာ သဘာဝပါပဲ။ ကောင်းတဲ့ဘက်မှာ နေကြတဲ့ လူများသလို၊ မကောင်းတာ လုပ်ရတာကိုမှ ခုံမင်တတ်တဲ့ လူတွေလည်း ဒုနဲ့ဒေးပါပဲ။ လူဆိုးတွေဟာ ကျွန်တော်တို့ကို ဘာသာရေး၊ လူမှုအဆင့်အတန်း၊ ဆိုရှယ်မီဒီယာတွေကနေ တစ်ဆင့် အဖွဲ့အစည်းအချင်းချင်း မသင့်မြတ်အောင် ဇာတ်လမ်းဆင်ပြီးတော့ ချုပ်ကိုင်ထားရတာကို အလွန်နှစ်ခြိုက်တတ်ကြပါတယ်။ ဒါပေမယ့် ဒီဆန့်ကျင်ဖက်နှစ်ခုကို ပေါင်းစည်းပြီး အောင်မြင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖော်‌ဆောင်ပေးနိုင်တဲ့ စည်းလုံးညီညွတ်မှုကို ယူဆောင်လာဖို့ ဘာကြောင့် ခက်ခဲရတာလဲ။ တကယ်တော့ “လွတ်မြောက်ခြင်း” မရှိလို့ပါ။ ဒီလိုဆိုတော့ လွတ်မြောက်ခြင်းဆိုတာ ဘယ်လိုမျိုးလဲ။ အမှန်နဲ့ အမှားကို ပညာရှိရှိ ပိုင်းခြားဆင်ခြင်နိုင်တဲ့ ပညာရေးလွတ်မြောက်မှု၊ ဖွံ့ဖြိုးတိုးတက်ရေး အဟန့်အတားတွေကို လွတ်မြောက်မှု၊ အရေးကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည် အမြဲမှာလေ့ရှိတဲ့ အကြောက်တရားမှ လွတ်မြောက်မှု စသည်ဖြင့် လူသားမျိုးနွယ်ကို ကောင်းကျိုးပေးမယ့် စွမ်းအင်မျိုးတွေပဲဖြစ်ပါတယ်။



ပြီးတော့ ကျွန်တော်တို့  ရွာကလူတွေ အချင်းချင်း ရန်ဖြစ်ရင် ဖြန်ဖြေမယ့်လူမရှိဘဲ ပတ်၀န်းကျင်က ဘာကြောင့် တိတ်ဆိတ်နေတတ်လဲဆိုတဲ့ အချက်က ရိုးရှင်းပါတယ်။ ပြဿနာက လူဆိုးတွေ အများကြီးရှိလို့ မဟုတ်ပါဘူး၊ အကြောင်းရင်းကတော့ လူကောင်းတွေက သူတို့ကိုယ်သူတို့ အေးအေးဆေးဆေး၊ အေးအေးချမ်းချမ်းနဲ့ နေချင်ကြပြီးတော့ နိုင်ငံရေးနဲ့ လူမှုရေးအငြင်းပွားမှုတွေမှာ ဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတဲ့ အကြောင်းပြချက်က အမှန်တရားတစ်ခုဖြစ်နေလို့ပါပဲ။ ဒီလို စိန်ခေါ်မှုအခက်အခဲတွေကို ဘယ်ကနေစ,ပြီး ပြောင်းလဲကြမလဲ။ ကျွန်တော်တို့ရဲ့ အတွင်းစိတ်ကို ပြင်ဆင်မှုကနေ စ,တင်သင့်တယ်ဆိုတာ သေချာပါတယ်။ မတူကွဲပြားမှုနှင့် အငြင်းပွားမှုတွေဆိုတာ ဖျောက်ဖျက်ဖို့ မဖြစ်နိုင်သလို ဖျောက်ဖျက်ပစ်စရာလည်း မလိုအပ်ပါဘူး။ ကျွန်တော်တို့အားလုံး လွတ်မြောက်ဖို့အတွက် ကြိုးစားကြရာမှာ အချင်းချင်း အလေးထားမှု၊ အခြားသူတွေရဲ့ ကောင်းကျိုးချမ်းသာကို လျော့ပါးမသွားစေရန် ကာကွယ်ပေးမှု၊ ရွာရဲ့ ရှားပါးသယံဇာတတွေကို အလွဲသုံးစား မလုပ်ဘဲ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမှု စတဲ့ အပြုသဘောဆောင်မယ့် ပြောင်းလဲမှုတွေ များပြားလာရင် ကျွန်တော်တို့ဟာ တောထဲမှာ လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ငှက်တစ်ကောင်လို ပြန်လည်ခံစားရတော့မှာ အသေအချာပါပဲ။ အခုအချိန်က အမှိုက်ပုံကြောင့် ဘေးအိမ်နဲ့ ရန်ဖြစ်ရမှာ မဟုတ်သလို ပြဿနာတစ်ခုကို ၀ိုင်းဝန်းဖြေရှင်း၊ ကူညီပေးမယ့် ဂုဏ်သိက္ခာရှိတဲ့ သံတမန်တွေအဖြစ် လုပ်ဆောင်ဖို့ရယ်၊ ကျွန်တော်တို့ နေထိုင်တဲ့ ကျေးရွာကို ငြိမ်းချမ်းရေး ပြန်လည်ယူဆောင်လာဖို့ အချိန်တန်ပါပြီ။



၀င်းနိုင်စိုး

 

Comments

  1. Replies
    1. This comment has been removed by the author.

      Delete
    2. တတိုင်းပြည်လုံး စက်ဆုပ်ရွံရှာ
      လူထုမေတ္တာ စူးပြီးသား!
      တပင်လုံးခုတ် အမြစ်ပါဖုတ်
      အညွန့်အခက် ခူးပြီးစား!
      အခုထိမဝတဲ့ အမျိုးယုတ်တစ်အုပ်
      အဝီစိတူးပြီးသွား!
      အရေးတော်ပုံအောင်ရမည်။ |||

      (လက်သန်း Vs Gun - NEO)

      Delete
    3. မိစ္ဆာတွေ

      Delete
    4. 💖💖💖အရမ်းကြိုက်တဲ့စာသား၊သီချင်းလေးကောင်းတယ်

      Delete
    5. လက်သန်းတွေဘက်ကပါပဲ ညိုပြာ

      Delete
    6. လက်သန်းနဲ့ ဆန္ဒပြုခဲ့တဲ့ ရလဒ်ကို ဖျက်ဆီးလုယူခဲ့တဲ့ လက်နက်အားကိုးစစ်တပ်ကို လက်ညှိုးနဲ့ ပြန်ချေဖျက်မယ်

      Delete
    7. Everybody click, Come on!!
      Everybody click.
      တရားမျှတမှုအတွက် clickတချက်နှိပ်!
      ပြည်သူကပြည်သူအတွက် click တချက်နှိပ်!

      Delete
  2. For the liberation of all💪🏻🤩❤❤

    ReplyDelete
  3. ” စိတ်ဖိစီးမှုတွေကို ဘယ်လိုကျော်လွှားမလဲ ”

    ၁ – အကောင်းဘက်က မြင်ပေးပါ။
    ၂ – ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာလေး သတိရပေးပါ။
    ၃– အကောင်းဆုံးလမ်းကို ရွေးတတ်ပါစေ။

    ReplyDelete
  4. ​ကျေးဇူးပါ

    ReplyDelete
  5. No our freedom will not be lost

    ReplyDelete
  6. မျက်ရည်တွေနဲ့clickနေရတယ်

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. We are winner
    Fighting together
    အဆုံးထိတိုက်သွားမယ်💪💪

    ReplyDelete
  9. မအိမ်လုံး မအလကြင်စိုး အသေဆိုးမဲ့ သောင်းလှိုင်သားဂျပု တူနဲ့ထုသတ်ပစ်ချင်တယ် ။ မအလနောက်လိုက်အရိုးကိုက် နှိုင်းစရာစကားလုံးမရှိတဲ့မအလ
    ချီးစားစုန်းတွေ လည်းချီးကားတိုက်အသေဆိုးနဲ့သေပါစေ

    ReplyDelete
  10. ရင်ဘတ်ထဲပြန်ငုံ့ကြည့်လိုက်ယုံကြည်ချက်ကျန်သေးလား ဒါဆိုရသေးတယ်

    ReplyDelete
  11. ကမ္ဘာမကြေးဘူး မအေလိုး🖕🖕🖕

    ReplyDelete
  12. Find out our freedom for our brightness future.

    ReplyDelete
  13. ဒီနေ့ ကလေးတွေ ဒုက္ခ ရောက်နေချိန် ရပ်ကြည့်နေတဲ့သူတွေ အများကြီး ဗျာ😟

    ReplyDelete
  14. တိုင်းပြည်ကိုဖျက်ဆီးတဲ့
    သခေါမလင်
    သောင်းလှိုင်သား
    စောက်ဂျပု အသေဆိုးနဲ့ သေပါစေ

    ReplyDelete
  15. ကြည့်မြင်တိုင်အတွက် တညလုံး click ရင်းဒေါသဖြေမယ်။

    ReplyDelete
  16. Nice to read this article.

    ReplyDelete
  17. မှန်ပါတယ်ခင်ဗျာ ✔

    ReplyDelete
  18. အံကိုကြိတ်ကာ click ကြမယ် ❤❤❤

    ReplyDelete
  19. Deeply salute the spring heroes

    ReplyDelete
  20. နေ့တိုင်း click နေပါတယ်

    ReplyDelete
  21. မပျက်မကွက် ​နေ့စဥ် click ​နေပါတယ်
    ဓမ္မဘက်​တော်သားများ ​ဘေးကင်းကြပါ​စေ

    ReplyDelete
  22. May all people be free from oppression.🙏

    ReplyDelete
  23. Armed robbers just focus on their due, they just ignore suffering of households. We must remove armed robbers from our house. No place for armed robbers!

    ReplyDelete
  24. တိုက်ထုတ်ရမှာ

    ReplyDelete
  25. အိမ်နီးချင်းးပေါက်ဖေါ်တွေကိုကြောက်လို့ရန်မဖြစ်ပါဘူး😄😄😄

    ReplyDelete
  26. ဂုဏ်သိက္ခာရှိတဲ့ သံတမန်တွေ တဲ့လားဗျာ...

    ReplyDelete
  27. ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်ငါတို့ဒီတိုက်ပွဲအဆုံးထိတိုက်မယ်

    ReplyDelete
  28. ကလစ်တချက်နဲ့ ​ခွေးသတ်ကြမယ်

    ReplyDelete
  29. အရေးတော်ပုံ အောင်နေပြီ

    ReplyDelete
  30. တတိုင်းပြည်လုံး အနိုင်ကျင့်ခံရတာ ဒါ *-*-နောက်ဆုံးးးးးဖြစ်ရမယ်ဟေ့

    ReplyDelete
  31. To be finding of our lost freedom.

    ReplyDelete
  32. We must be found of our lost freedom.

    ReplyDelete
  33. လွတ်‌လပ်‌မှုကိုရှာ‌ဖွေခြင်း

    ReplyDelete
  34. တည့်သလားမမေးနဲ့😊

    ReplyDelete
  35. Pdfတွေဘေးကင်းပါစေ

    ReplyDelete
  36. ပျောက်ဆုံးနေတဲ့ လွတ်လပ်မှုအတွက်

    ReplyDelete
  37. We click together 💪💪💪💪

    ReplyDelete
  38. It's a good article

    ReplyDelete
  39. Clickရင်းကူ
    မြေပြင်မှာလဲနိုင်ရာကူ 💪

    ReplyDelete
  40. လွတ်လပ်မှုတို့အတွက် လျော်ကြေးတောင်းရမည်။

    ReplyDelete
  41. နေသိပ်မကောင်း..ကလစ်ရင်းနဲ့ ခဏခဏအိပ်ပျော်သွားလို့ ခဏတော့နားပါရစေ..

    ReplyDelete
  42. အောင်မြင်ပါစေ

    ReplyDelete
  43. ခလေးတွေဘေးကင်းပါစေ 🙏💞🌹💕

    ReplyDelete
  44. Searching of our freedom & it must be found, soon.

    ReplyDelete
  45. Keep Going and Stay strong 💪🏻💪🏻💪🏻

    ReplyDelete
  46. We, click we support PDF and we win.

    ReplyDelete

  47. "တောထဲရောက်နေတဲ့သူတွေ အိမ်ပြန်ရောက်ဖို့...
    ထောင်ထဲကအမှန်တရားဘက်တော်သားတွေ အိမ်ပြန်ရောက်ဖို့..
    ထောက်ပို့တပ်သား‌တွေအရှိန်မြှင့်ကူကြစို့.. |||

    We Click, We Support & We Win✊

    ReplyDelete
  48. မှန်ကန်သောလွတ်မြောက်မှုအစစ်အမှန်ရဖို့အဓမ္မသမားအားလုံးကိုအစွမ်းကုန်တိုက်ထုတ်ကြစို့

    ReplyDelete
  49. လူတွေ အားလုံးညီညွတ် ကျရင် ဘယ်လိုစနစ်မျိုးကိုမဆို ဖြိုချနိုင်တယ်

    ReplyDelete
  50. photo ko bl read khae tl...Im so lazy 🤣

    ReplyDelete
  51. This fight is finding the lost of our freedom.

    ReplyDelete
  52. To find a missing of our true freedom.

    ReplyDelete
  53. တတိုင်းပြည်လုံး စက်ဆုပ်ရွံရှာ
    လူထုမေတ္တာ စူးပြီးသား!
    တပင်လုံးခုတ် အမြစ်ပါဖုတ်
    အညွန့်အခက် ခူးပြီးစား!
    အခုထိမဝတဲ့ အမျိုးယုတ်တစ်အုပ်
    အဝီစိတူးပြီးသွား!
    အရေးတော်ပုံအောင်ရမည်.....

    ReplyDelete
  54. ပျောက်ဆုံးသွားသောလွတ်မြောက်မှုအတွက်

    ReplyDelete
  55. We click, we support PDF and we win.

    ReplyDelete
  56. ကိုယ်နဲ့မဆိုင်သလို​ပေါ့

    ReplyDelete
  57. ကမ္ဘာကြီးရေ...
    ကူပါ ကယ်ပါလို့ ငါတို့မပြောချင်ဘူး...
    မှန်ကန်တဲ့ ဒိုင်လူကြီး အနေနဲ့
    နေပေးဖို့တော့ တောင်းဆိုပါရစေ...

    #မင်းကိုနိုင်

    ReplyDelete

Post a Comment