မနက်ဖြန် လကြတ်မယ်

Photo – Star Walk

ဟုတ်ပါတယ်။ ၁၉ နိုဝင်ဘာ၊ ၂၀၂၁ မနက်ဖြန်ညမှာ လကြတ်မှာပါ။ လုံးဝအပြည့်ကြီး ကြတ်တာမျိုး မဟုတ်ဘဲ တစ်ပိုင်းတစ်စ ကြတ်တာမျိုးပါ။ သို့ပေကာသိ ခုကြုံရမယ့် တစ်ပိုင်းတစ်စ လကြတ်တာဟာ သက္ကရာဇ် ၂၀၀၁ ခုနှစ်ကနေ ၂၁၀၀ ခုနှစ်အတွင်း အကြာဆုံး လကြတ်ခြင်း ဖြစ်ပါတယ်တဲ့ခင်ဗျ။ အချိန်နဲ့ အတိအကျ ပြောရရင်တော့ ၃ နာရီ၊ ၂၈ မိနစ်နဲ့မှ ၂၃ စက္ကန့်အထိကို ကြာပါမယ်တဲ့ခင်ဗျား။ အပြည့်မကြတ်လို့သာ တစ်ပိုင်းတစ်စလို့သာ ပြောတာပါ တစ်ကယ်တမ်းကျ လရဲ့ ၉၇% အထိကို ကမ္ဘာရဲ့အရိပ်ထဲ ရောက်ပြီး လကြတ်မှာ ဖြစ်ပါတယ်။

မှတ်သားစရာတစ်ခုအနေနဲ့ ပြောရရင် နိုဝင်ဘာလရဲ့ လပြည့်ကို “Beaver Moon” လို့လည်း ခေါ်ကြပါသေးတယ်။ အကြောင်းကတော့ Native Americans တွေဟာ ဆောင်းတွင်းကာလဖြစ်တဲ့ နိုဝင်ဘာလမှာ ဆောင်းခိုရိက္ခာ ပြင်ဆင်ရင်း ဘီဗာဖျံတွေကို ထောင်ချောက်ဆင်ဖမ်းဖို့ အကောင်းဆုံးအချိန်မှာ ပေါ်တဲ့လ ဖြစ်တာကြောင့်ပါတဲ့ခင်ဗျာ။ NASA ကတော့ တစ်ခါတစ်လေ ရေခဲလ (Frosty Moon)၊ နှင်းလ (Snow Moon) လို့လည်း ခေါ်ပါသေးတယ်တဲ့ခင်ဗျာ။

Photo – NASA’s Scientific Visualization Studio

ဒီတစ်ခါ လကြတ်တဲ့ဖြစ်စဉ်ကို မြင်ရမယ့် နေရာကတော့ အတော်ကို စုံတယ်ပြောရပါမယ်။ မြောက်အမေရိက (ခု လကြတ်တဲ့ဖြစ်စဉ်ကို အကောင်းဆုံး မြင်ရမယ့် နေရာ)၊ ဥရောပထဲက နေရာအတော်များများ၊ အလက်စကာ၊ ဩစတေးလျနဲ့ နယူးဇီလန် (ဒီမှာတော့ အစောပိုင်းဖြစ်စဉ်ကို မြင်ရမှာ မဟုတ်ပါဘူး)၊ ဥရောပ အနောက်ပိုင်းနဲ့ တောင်အမေရိကတို့မှာ ဆိုရင်လည်း လကြတ်ခြင်းရဲ့ နောက်ဆုံးဖြစ်စဉ်တွေကို မြင်နိုင်မှာ မဟုတ်ပါဘူး။ အာဖရိကတိုက်၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာရှတိုက် အနောက်ခြမ်းမှာ နေထိုင်တဲ့သူတွေကတော့ ဒီလကြတ်ခြင်းဖြစ်စဉ်ကို လုံးဝမြင်ရမှာ မဟုတ်ပါဘူးခင်ဗျာ။

            ဆိုတော့ကာ… ကျွန်တော်တို့ မြန်မာနိုင်ငံက ဆိုရင်ကော မြင်ရမှာလား..?

            ဟုတ်ကဲ့၊ မြင်ရမှာပါခင်ဗျာ။ မြန်မာနိုင်ငံ စံတော်ချိန်နဲ့ဆိုရင် နေ့လည် ၁၂ နာရီ ၃၂ မိနစ်မှာ လ စ,ကြတ်မှာ ဖြစ်ပါတယ်။ “ဟာ.. ခင်ဗျာ့ဟာက ဘယ်နှယ့်ကြီးတုန်း၊ နေ့ခင်းဖက် လကို ဘယ်လိုလုပ် မြင်ရမှာလဲဗျ” ဆိုတာတော့ တွေးကြတာမယ်မို့လား။ ကျွန်တော်တို့ကသာ နေ့လည်၊ နေ့ခင်း လကို မမြင်ရတာလေဗျာ။ တကယ်တမ်းကျ လက ကမ္ဘာရဲ့ဘေးမှာ အမြဲတမ်း ကပ်ပါနေတာလေဗျ။ အဲ့ဒီတော့ ခုနကပြောတဲ့ နေ့လည် ၁၂ နာရီ ၃၂ မိနစ်မှာ လ စ,ကြတ်မယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်တို့တွေ ကောင်းကောင်းကြီး မြင်နိုင်မှာကတော့ ညနေ ၅ နာရီ ၃၃ မိနစ် (ရန်ကုန်)၊ ညနေ ၅ နာရီ ၂၅ မိနစ် (မန္တလေး) ဖြစ်ပါတယ်။ အဲ့ဒီတော့ ကြားချလိုက်ရင် ညနေ ၅ နာရီခွဲပေါ့ခင်ဗျာ။ လကြတ်တဲ့ဖြစ်စဉ် အဆုံးသတ်မှာကတော့ ညနေ ၆ နာရီ ၃၃ မိနစ်ပါခင်ဗျ။

            ကိုယ့်လူတို့အနေနဲ့ ဒီလကြတ်တဲ့ဖြစ်စဉ်ကို ကြည့်ဖို့ကတော့ အထူးတလည် ပစ္စည်းတွေ မလိုပါဘူးခင်ဗျာ။ သာမန်မျက်လုံးနဲ့တင် ကြည့်လို့ရပါတယ်။ ဒါကိုမှ ပိုပြီး အသေးစိတ် ကြည့်ချင်တယ်ဆိုရင်တော့ မှန်ဘီလူးတို့၊ တယ်လီစကုပ်တို့ သုံးပြီး ကြည့်နိုင်ပါတယ်။

လကြတ်ရင် တော်တော်များများ စိတ်ကူးထဲမှာ မြင်ယောင်မိကြမှာကတော့ အနီရောင် (သွေးရောင်) ပေါ့ခင်ဗျာ။ အဲ့ဒီတော့ အားလုံးစိတ်ထဲမှာ စွဲနေကြမှာက ဒီလိုလကြတ်တဲ့ဖြစ်စဉ်မျိုး ဖြစ်ခဲ့ရင် နမိတ်မကောင်းဘူး၊ ဘာညာပေါ့ခင်ဗျာ။ တကယ်က မဟုတ်ပါဘူး။ လကြတ်ရင် နီရခြင်းရဲ့ အကြောင်းတရားက ကမ္ဘာ့လေထုထဲမှာရှိတဲ့ ဖုန်မှုန့်၊ ဓါတ်ငွေ့ စတဲ့ အညစ်အကြေးတွေကြောင့်ပါ။ ကျွန်တော် အကျဉ်းချုံး ရှင်းပြပေးပါ့မယ်။ လကြတ်တယ်ဆိုတာ ကမ္ဘာက နေနဲ့ လရဲ့ ကြားထဲကို ရောက်သွားတာကြောင့် ဖြစ်ရတာပါ။ အဲ့ဒီအတွက် နေရဲ့အလင်းရောင်ဟာ လဆီကို ရောက်ဖို့ ကမ္ဘာကို ဖြတ်သွားရပါမယ်။ ဆိုတော့ နဂိုကမှ နေဝင်ချိန်အရောင် ခပ်နီနီက ညစ်ညမ်းနေတဲ့ ကမ္ဘာ့လေထုထဲကို ဖြတ်သွားရတဲ့အခါမှာ အနီရင့်ရောင် ဖြစ်သွားပါတယ်။ အဲ့ဒီအလင်းတန်းနဲ့ ကမ္ဘာရဲ့အရိပ်ဟာ လအပေါ်ကို ကျသွားတယ်ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့ခင်ဗျာ။ လကြတ်တာ အနီရင့်ရောင် ဖြစ်ပြီပေါ့နော။ ပြောရရင် ကမ္ဘာ့လေထု ညစ်ညမ်းလေ လကြတ်တဲ့အရောင်က အနီရင့်လေပါပဲ။ ဒါပေမယ့် သက္ကရာဇ် ၁၉၆၀ နဲ့ ၁၉၇၀ နှစ်ဦးကာလရဲ့နောက်ပိုင်းကစ,လို့ လကြတ်တဲ့အခါ အနီရင့်ရောင်ဖြစ်တာမျိုး မတွေ့ရတော့ပါဘူးတဲ့ခင်ဗျာ။

C2D

ကိုးကား – Star Walk & Neil deGrasse Tyson (StarTalk Podcast)

Comments


  1. "ပီဒီအက်ဖ်အလွမ်း"

    အိမ်မပြန်နိုင်သေးခင်

    နေဝင်ပြီဆိုရင် ရင်မှာနာကျင်စွာဆွေးရတယ်

    လွမ်းစိတ်နဲ့ ဆောင်းဦးရွက်တွေကြွေ
    နာကျင်စွာ ငေး‌နေရတယ် 🍂🍂🍁🍁

    ReplyDelete
    Replies
    1. အရှုံးမပေးလိုက်နဲ့ သူငယ်ချင်းတို့
      မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်
      သတ္တိမွေးလို့ ရှေ့ဆက်ကြစို့နော်

      Delete
    2. ဘယ်ေတာ့မှအရှုံးမေပးဘူး

      Delete
    3. တူတူ ရှေ့ဆက်ကြစို့လေ💪💪💪

      Delete
    4. အဆုံးထိတိုက်မယ်

      Delete
    5. အဆုံးထိတိုက်မယ်

      Delete
  2. Chan Myae Thu
    Copy ခွင့်ပြုပါ ပလိစ်

    ReplyDelete
  3. ဘားသွားကလပ်တက်​သူ​တွေက ဘယ်လို​ပြော​ပြောမရတာဘဲ

    ReplyDelete
  4. The armed robbers can never be head of household, even if they manage to capture the mother.

    လက်နက်အားကိုး သခိုး ဓမြ တွေက အိမ်ထောင်ဦးစီးကို ဖမ်းပြီး တအိမ်လုံးကို မလှုပ်ရဲအောင် ဓါးမိုးထားနိုင်ရင် လဲ ဓမြဟာ ဓမြပါဘဲ။ အိမ်ထောင်ဦးစီး ဘယ်တော့မှ မဖြစ်ဘူး။

    ReplyDelete
  5. Armed robbery has no place in the country, the mother is caught by robbers, it doesn’t mean the robbers are head of household. The robbers are simply, just robbers.

    ReplyDelete
  6. အားလုံးကျမ်းမာရေးဂရုစိုက်ကြပါဗျ
    ကျမ်းမာရေးကောင်းမှ ရှေ့ဆတ်လုပ်ဆောင်နိုင်ကြမှာပါ🙏🙏🙏

    ReplyDelete
  7. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
    Replies
    1. ကလစ်တစ်ချက်သည် စစ်မိစ္ဆာတစ်စုလုံးအတွက် ငရဲလမ်းဖွင့်ပေးသော သော့တစ်ချောင်းဖြစ်ပပါစေ

      Delete
  8. ktds မင်း ရုံးပြန်တင်နေပြီလား

    ReplyDelete
  9. ဒီရက်ပိုင်း လပြည့်ရက်ထင်တယ်
    လ ကိုအကြီးကြီးမြင်နေရတယ်
    တိမ်တွေနဲ့အရမ်းလှနေတယ်

    ReplyDelete
  10. ပြည်သူတပ်မတော်သားကောင်းလေးများ ပွဲ ပြီးသည်အထိအန္တရာယ်ကင်းစွာရှင်သန်ပေးကြပါကွယ်

    ReplyDelete
  11. တိုင်းပြည်နဲ့ ပြည်သူအတွက် ရုန်းကန်နေကြသူအားလုံးကို ဦးညွတ်အလေးပြုပါတယ်။

    ReplyDelete
  12. To honorable all clickers

    မိုးလင်းမိုးချုပ် တကုပ်ကုပ်

    ကလစ်အလုပ် နေ့စဉ်လုပ်..

    ပင်ပန်းသော်လည်း နောက်မဆုတ်

    ပြည်သူ့တွက်မို့ ကြိုးအားထုတ်.

    တော်လှန်ရေးတွက် သဲတစ်ဆုပ်

    ချီးကျူးမိတာတကယ်ဟုတ်

    ဂုဏ်ပြုကဗျာ ရေးကာထုတ်

    ခရီးဆုံးထိ ဆက်လက်လုပ်..။

    ReplyDelete
    Replies
    1. ကကဗျာလေးလေးအရမ်းကောင်းပါတယ်

      Delete
  13. သွေးကြောင်လျှင်ဘေးရှောင်နေခဲ့လိုက်ပါ မျက်စိဖွင့်နားစွင့်ရင်းပါးစပ်ပေါက်လေးကိုတော့ပိတ်ပေးထားပါ
    သွေးရဲသူတွေကဆက်လက်ချီတက်နေဆဲပေါ့.......

    ReplyDelete
  14. မြင်အောင်ကြည့်
    ပြောမှသိ
    ထိမှမနာကြနဲ့။
    ရောင်ဝါဝါနဲ့
    ပြည်သားမငဲ့ကွက်
    အဓမ္မတွယ်ဖက်တဲ့
    ဓမ္မရဲ့ဘီလူးသဘက်တွေနဲ့
    ဆန်ကုန်မြေလေးဗာလတွေ
    တော်လှန်ရေးကိုနှောက်ယှက်နေသည်။
    ဝေဝါးထွေပြား
    စိတ်မပျက်ပြားနဲ့
    ဆထက်ပွားလို့
    တော်လှန်ရေးကိုထောက်ပံ့စို့။
    TWC

    ReplyDelete
  15. Let's go ahead.✊✊✊💪💪💪

    ReplyDelete

Post a Comment