အရုဏ်ဦး နှိုးဆော်သံ

အရုဏ်ဦး နှိုးဆော်သံ




တစ်ဖန် အမှောင်ထုထဲကနေ နိုးထလာရပြန်ပြီ။ ဒါပေမယ့် လွတ်လပ်ခြင်းတော့ မရှိ။ တခါတလေ အုပ်ဆောင်းနဲ့ အုပ်ခံထားရပြီး ကံဆိုးတဲ့ ရက်တွေဆိုရင်တော့ ငါ့ခြေထောက်တွေကို ကြိုးနဲ့ ချည်ထားရင်လည်း ချည်ထားကြပြန်တယ်။ ခြံစည်းရိုးပေါ် တက်နေရင်လည်း မကြိုက်ကြပြန်ဘူး။

တခြားတိရိစ္ဆာန်တွေကတော့ ငါ့ရဲ့ သန့်ရှင်းပြောင်လက်နေတဲ့ အမွေးအတောင်တွေနဲ့ နီရဲနေတဲ့ အမောက်လေးကို အရမ်းသဘောကျကြတယ်တဲ့လေ။ ကိုယ်ရည်သွေးတာတော့ မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကိုတော့ အားလုံးအလယ်မှာ အတင့်တယ်ဆုံး၊ အကောင်းဆုံးဖြစ်အောင် အားထုတ်နေဖြစ်တယ်။ အရင်ကတော့ တောထဲမှာ လွတ်လွတ်လပ်လပ် စေလိုရာစေ ကိုယ့်ဘဝကိုယ် စိတ်ကြိုက်ခြယ်လှယ်နိုင်တဲ့ အချိန်အခါတွေ ရှိခဲ့ပေမယ့် အခုတော့ ဟိုလူကြီးက သူ့အကျိုးစီးပွားအတွက် ငါ့ကို အသုံးချမလို့ဆိုပြီး ဖမ်းခေါ်လာခဲ့တယ်လေ။ တခြားတော့ မဟုတ်ပါဘူး။ သူ ပိုက်ဆံလိုလာတဲ့ အချိန်ကျရင် ငါ့ကို တစ်ရွာတည်းနေ အမျိုးတူ မိတ်ဆွေတွေနဲ့ ရန်တိုက်ပေးတယ်၊ ခွပ်ခိုင်းတယ်။ အင်း….. နိုင်တဲ့ဖက်က ပိုက်ဆံတွေ ရတယ်ဆိုပဲ။ ပွဲပြီးသွားရင်လည်း ငါ့ကို ပြန်ပြုစုတတ်ကြတာ မဟုတ်ဘူး။ ကျီးစားစား၊ ခွေးထိုးထိုး ပစ်ထားလိုက်တော့တာ။ ငါကတော့ ဒီလို မေးခွန်းကို ကိုယ့်ကိုယ်ကို အမြဲတမ်း မေးဖြစ်နေတယ်။ ဘာလို့ ကိုယ့်စွမ်းကိုယ့်စနဲ့ တိုးတက်ကြီးပွား‌အောင် မကြံဆောင်ဘဲ သူများ ဘဝကို ချုပ်ကိုင်ပြီးမှ အသက်မွေးချင်ကြပါလိမ့်လို့။



ဒါပေမယ့်လည်းလေ သူတို့တွေ ငါ့ကို အသုံးချချ၊ မချချ ငါကတော့ လောကကြီးအတွက် ကိုယ်စွမ်းသလောက် လုပ်ပေးနေတာပဲ။ တစ်ခုတော့ ရှိတယ်။ ဟိုလူတွေလည်း ဘယ်လိုနည်းလမ်းနဲ့မှ လာပြီး ထိန်းချုပ်လို့ မရဘူး။ ဒါကတော့ ငါ့အသံကြားပြီဟေ့ဆိုတာနဲ့ သတ္တ၀ါအပေါင်းတို့က အိပ်ရာက နိုးထလာကြပြီးတော့ ထမင်းချက်၊ အလုပ်သွားဖို့ ပြင်၊ လမ်းရှေ့ အမှိုက်လှဲ၊ ဘုန်းကြီး ဆွမ်းကပ် စသည်ဖြင့် နေ့စဥ်ဆောင်တာတွေကို တက်တက်ကြွကြွ စလုပ်ကြပြီလေ။

သြော် အရုဏ်ဦး နေရောင်တောင် ရွှေ၀ါရောင် ခပ်ပြပြ သန်းလာပေရော့။ ဒီနေ့ တစ်ရက်စာအတွက် အချိန်မ‌နှောင်းခင် အိမ်ခေါင်းမိုးပေါ် တက်ပြီး ခေါင်းမော့ မာန်ဟုန်ဝင့်ကာ သူတော်ကောင်းအပေါင်းတို့ နိုးထလာစေဖို့ တွန်ကြူးလိုက်လေတော့မယ်။

“အောက်…..အီး…..အီး…..အွတ်”



Comments

  1. Replies
    1. ကမ္ဘာမှာ စစ်တပ်က အာဏာသိမ်းလို့ ကောင်းစားသွားခဲ့တာ မရှိပါဘူး
      မြန်မာနိုင်ငံဟာ အချမ်းသာဆုံးနိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားတာ စစ်တပ်က အာဏာသိမ်းခဲ့လို့ပါ

      Delete
  2. အောက်အီအီး.....အွတ် ရောင်နီလာပြီလေ

    ReplyDelete
    Replies
    1. ၊❤️❤️❤️ရောင်နီကို ကြိုဆိုလိုက်ရအောင် အောက်အီးအီးအွတ်။ အာရုံဦးရောင်နီသန်းလာတာနဲ့ digital strike ကို တားလို့မရ 😘😘😘

      Delete
  3. ဆက်ပြီးအားပေးသွားမယ်

    ReplyDelete
  4. ​ရောင်နီလာပြီ မြန်မာပြည်

    ReplyDelete
  5. မြန်မြန်အောင်ပွဲရဖို့များများကလစ်ကြစို.။

    ReplyDelete
  6. အစဥ်အမြဲအားအားပေးသွားမယ် နော်နော်

    ReplyDelete
  7. ရောင်နီလာတဲ့ နေ့သစ်ကို ရောက်မယ်

    ReplyDelete
  8. ရောင်နီလာပြီ

    ReplyDelete
  9. ရောင်နီလာချေပြီ

    ReplyDelete
  10. ရောင်နီလာပြီလေ

    ReplyDelete
  11. မြန်မာပလာဇာကို Boycott ကျပါ

    ReplyDelete
  12. ​ရောင်​နီလာဖို့နီးလာပြီ

    ReplyDelete
  13. ရောင်နီတွေနဲ့ ကျက်သရေရှိနေမယ့် နံနက်ခင်း

    ReplyDelete
  14. အိမ်ကကြက်ကအော်တာေအာ်အီးအီးအွတ် ဆိုပေမယ့်ကိုယ်ကြားတာတော့ ဥကြီးကြီးဥ ဆိုလားပဲ😁😁

    ReplyDelete
  15. အားပေးနေပါတယ်

    ReplyDelete
  16. နိုင်ကိုနိုင်မည်

    ReplyDelete
  17. ​နေဝင်ည​တွေကူးဖြတ်ပီမှ​ရောင်နီသာတဲ့​နေသစ်ကို​ရောက်မယ်..

    ReplyDelete
  18. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  19. နေဝင်ညတွေကိုကူးဖြတ်ပီးပါပီ

    ReplyDelete
  20. တရားမျှတမှု့နဲ့ စာနာစိတ်ဆနုပြီးခေါင်းစဥ် တတ်ချင်တယ်

    ReplyDelete
  21. ရောငိနီလာပီ ထကြလော့💥💥💥

    ReplyDelete
  22. အားတင်းထားပါအနိုင်တိုက်မည်

    ReplyDelete
  23. Need improve writing skill at least you try!

    ReplyDelete
  24. မနက်ခင်းတိုင်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ🙏🙏🙏

    ReplyDelete
  25. Any condition, we must do for good future

    ReplyDelete
  26. သွေးမအေးကြပါနဲ့

    ReplyDelete
  27. If you click today, you have a duty to click on tomorrow too.

    ReplyDelete
  28. ကိုယ်ရောက်နေတဲ့နေရာမှာအကောင်းဆုံးလုပ်ဆောင်နိုင်အောင်ကြိုးစားခြင်းကဘဝရဲ့အဓိပ္ပါယ်ရှိခြင်းဖြစ်ပါတယ်

    ReplyDelete
  29. နေဝင်ညကို ကူးဖြတ်ရဲမှ၊ ရောင်နီသာတဲ့ နေ့သစ်ကိုရောက်မယ်။

    ReplyDelete
  30. စကစ သင့်အိမ်တံခါး လာမခေါက်ခင် ကြိုပြီး ကလစ်ပါ

    ReplyDelete
  31. တစ်နေ့တစ်ဟိုဘက်သွားကလစ်လိုက်
    ဒီဘက်ပြန်ကလစ်လိုက်
    ယူကျုဖွင့်ထားလိုက်နဲ့သတင်းတောင်မကြည့်အားဘူးမင်မင်ရေ
    သတင်း ထူးရှိရင်ဒီထဲလာပြောပြအူးနော်😄

    ReplyDelete
  32. ရောင်နီလာရောက်တော့မယ် ညိုပြာ

    ReplyDelete
  33. Done good blog 🤜🤛 (moonshine )

    ReplyDelete
  34. အရေးတော်ပုံ အောင်နေပြီ

    ReplyDelete
  35. ငါတို့ကြိုးစားမှုတွေက မကြာခင် ရောင်နီမြင်ရတော့မယ်လို့ ယုံကြည်တယ်

    ReplyDelete
  36. ငါတို့ကြိုးစားတာတွေက မကြာခင် ရောင်နီမြင်ရလိမ့်မယ်လို့ ယုံကြည်တယ်

    ReplyDelete
  37. We support to People defence Force PDF burma

    ReplyDelete
  38. လုံးဝလက်မလျော့ပါ နိုင်ပွဲကလည်းနီးလာပြီ

    ReplyDelete
  39. အရင်ပြည်သူ့အားမှာ ဖတ်ဖူးပါတယ်

    ReplyDelete
  40. ခသတစ မင်းအောင်လှိုင်

    ReplyDelete

Post a Comment