သင်ဟာ “ခေါင်းဆောင်ကောင်း” တစ်ယောက်ဖြစ်ပြီလား?

သင်ဟာ “ခေါင်းဆောင်ကောင်း” တစ်ယောက်ဖြစ်ပြီလား?

– ယုကီ



ဒီစကားကို နေရာတိုင်းလိုလိုမှာ ကြားဖူးတတ်ကြသလို ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ ၊ ခေါင်းဆောင်ကောင်း ဆိုတဲ့ ခေါင်းစဉ် အောက်မှာပဲ များစွာသော အယူအဆများစွာနဲ့ လူတိုင်း သိနှင့်ပြီးသားလဲ ဖြစ်ပါတယ်။ လူတိုင်းဟာ တွဲခေါင်း၊ ခေါင်းဆောင်ဆိုတာတွေဖြစ်နိုင်ပါတယ်။ တချို့က ကိုယ်တတ်ကျွမ်းမှု နယ်ပယ်အရ၊ တချို့က ဝါအရ၊ တစ်ချို့က အသက်အရွယ်အရ အစရှိသဖြင့် ခေါင်းဆောင်ဆိုတဲ့ နေရာမှာပဲ အမျိုးမျိုး ကွဲပြားမှုတွေနဲ့ နေရာတိုင်းမှ ာရှိနေတတ်ပါတယ်။ “ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ နောက်လိုက်ကောင်းတစ်ယောက် ဖြစ်ဖို့လဲ လိုတယ်” ဆိုတဲ့စကားလုံးလဲ အားလုံးနဲ့ မဆန်းတော့ပါဘူး။



ဒါပေမယ့် နောက်လိုက်ကောင်းဖြစ်တိုင်းလည်း ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်တယ်ဆိုတာ ကိုယ်ဟာ ခေါင်းဆောင်နေရာ ရောက်ပြီဆိုတာနဲ့ ကိုယ့်အပေါ်  မှီခို ပေးနေတဲ့ နောက်လိုက်တွေအတွက် တချိန် ကိုယ်နောက်လိုက်တုန်းကနေရာမှာ ဘယ်လိုတွေ ကျင်လည်ခဲ့ရသလဲဆိုတာ ဘဝမမေ့တတ်ဖို့လဲ လိုအပ်ပါတယ်။

ခေါင်းဆောင်ကောင်း ဆိုတဲ့ စကားလုံးမှာလဲ အထင်မှားတတ်ကြတာ တစ်ခုက ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ အကုန်သိ အကုန်တတ်ရမယ် ဆိုတဲ့ ခံယူချက်တွေဟာ လွဲမှားနေပါတယ်။ “ခေါင်းဆောင်”ဆိုတာကလဲ နောက်လိုက်တွေ ကိုယ့် Support ပေးမယ့်သူတွေ ရှိလာမှလဲ ဖြစ်လာတဲ့နေရာတစ်ခုပါ။ ဒီတော့ ခေါင်းဆောင် တစ်ယောက်က မဖြစ်မနေ တတ်သင့် သိသင့်တာကတော့ “Management” ပိုင်းပါပဲ.. ကိုယ့် အသင်းအဖွဲ့မှာရှိ နေတဲ့ တစ်ဦးချင်းစီရဲ့အရည်အချင်းအလိုက်ပေါ် မူတည်ပြီး နေရာချတတ်၊ အသုံးချတတ်ဖို့ပဲလိုပါတယ်။



တတ်ကျွမ်းသူတွေကို ရှာဖွေရွေးထုတ်နိုင်စွမ်း ရှိရမှာဖြစ်သလို မတတ်ကျွမ်းသေးသူတွေကို တတ်ကျွမ်းလာအောင် လေ့ကျင့်ပေးနိုင်စွမ်းရှိဖို့လဲ လိုအပ်ပါတယ်။ သုံးမရတဲ့ နောက်လိုက်ငယ်သားဆို တာမရှိပါဘူး အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲရှိပါတယ်။ ကိုယ့်မှာ Team တစ်ခုရှိတာနှင့်အမျှ နောက်လိုက်ငယ်သားတွေကို လှော်တက်တစ်ခုစီပေးထားပြီး သူတို့ကျွမ်းကျင်ရာနေရာတွေမှာ လှော်နိုင်အောင် လိုရာခရီးကို အတူဆွဲခေါ်ပြီး ညွှန်ပြတတ်ရမှာ ခေါင်းဆောင်ကောင်း လုပ်ရပ်တစ်ခုပါ။



ကိုယ့်အသင်းအဖွဲ့ထဲမှာ ကိုယ့်လောက်နီးပါး လုပ်နိုင်သူ၊ စွမ်းဆောင်နိုင်သူပါနေရင်လည်း အဲ့သူရဲ့ လှော်တက်တွေ မသိမ်းဆည်းထားဘဲ သူတို့ကို အားပေး အသိမှတ်ပြုပြီး ခရီးအမြန်ပေါက်အာင် လှော်ခိုင်းလေ ပို၍ ခရီးနီးလာလေပါပဲ။ တချိူ့တော်တော်များများ ကြုံဖူးကြမှာပါ ကိုယ့်လက်အောက်ငယ်သားက ကိုယ့်လောက်တန်းတူ လုပ်နိုင်ကြပြီဆိုရင် နေရာပေးဖို့ ချီးမြှောက်ဖို့ အင်မတန်ကို ဝန်လေးတက်ကြပါတယ်။ နောက်တစ်မျိုးကတော့ တစ်လှေထဲ အတူတူ လှော်နေရက်နဲ့ လှေဝမ်းပေါက်လာတဲ့အခါ အပြစ်တင် လက်ညှိုးထိုးတတ်ကြသူတွေပါ။ ကိုယ့်လှေထဲမှာ ‌ကိုယ့်နေရာ မဟုတ်ဘဲ လှေဝမ်းပေါက်နေလဲ ငါခေါင်းဆောင် အောက်ထိ ဆင်းဖာစရာ မလိုဘူးဟု တွေးမှတ်တတ်ကြတဲ့သူတွေပါ။ ကိုယ့်လက်အောက်ငယ်သားကို အထင်သေးတဲ့သူတွေ၊ ဒီလူဟာ သုံးလို့မရတော့လို့ စွန့်ပစ်တတ်တဲ့ ခေါင်းဆောင် အမည်ခံလူတွေလဲ ရှိတတ်ကြပါတယ်။ သုံးမရတဲ့သူကို သုံးလို့ရတဲ့အထိ လေ့ကျင့်ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန်ဖြစ်ပါတယ်။ သုံးမရတဲ့သူတွေရှိတာ ခေါင်းဆောင်ညံ့လို့ပါ။ ခေါင်းဆောင်ကောင်းတွေက အနာဂါတ်မှာ ပေါ်ပေါက်လာမယ့် ခေါင်းဆောင်လောင်းများ မွေးထုတ်ပေးနိုင်တတ်ရသလို လမ်းပြပေးတတ်ရပါတယ်။ ကိုယ့် လက်အောက်ငယ်သားဟာ ကိုယ်နဲ့ အမြင် မတူတဲ့အခါမှာလဲ အမြင်မတူလို့ လက်မခံနိုင်ဘူးဆိုတာ ခေါင်းဆောင်နေရာမှာ လုပ်နေတဲ့ သူများ မရှိသင့်တဲ စိတ်ထားတစ်ရပ်ပါ။



လက်အောက်က လူတွေရဲ့အမြင်ဟာ ကိုယ်နဲ့ ရှုထောင့်မတူတာပဲ ဖြစ်မယ်လို့ ခံယူရပါမယ်။လက်အောက်ကသူတွေရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ခွင့်ပေးရပါမယ်၊ အသိမှတ်ပြုပေးတတ်ရပါမယ်။ တချို့အဖွဲ့အစည်းတွေမှာလဲ တွေ့ရတတ်ပါတယ် နောက်လိုက်တွေက ဆိုးသွမ်းတယ် ပြောမရဘူးဆိုတဲ့ စကားလုံးတွေပါ၊ အရင်က ကောင်းနေရက်နဲ့ ဒီနောက်လိုက်ဟာ “ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းပြချက် ရှာတတ်ဖို့လဲ လိုပါတယ်။ အဖြေတွေ့ရင် ဖြေရှင်းနိုင်ဖို့ ကိုယ့်လက်အောက်က လူကို Counselling လုပ်တတ်ရပါမယ်။ ဒါ့အပြင် ကိုယ်ချင်းစာတရား၊ ကိုယ့်နောက်လိုက်အပေါ် ယုံကြည်မှုတွေ နဲ့အတူ သူတို့ရဲ့ ယုံကြည်မှုတွေ ရထားဖို့လဲ လိုအပ်ပါတယ်။



ယုံကြည်မှုရဖို့ဆိုရင်ခေါင်းဆောင်တစ်ယောက်ရဲ့  ထိပ်တန်းအကျဆုံး အရည်အချင်းက အားလုံးအပေါ်မှာရိုးသားဖို့၊ မေတ္တာထားဖို့လိုအပ်ပါတယ်။ အကောင်းမြင်စိတ်ထားနဲ့တွေးပေးမှ ဖြစ်ပါလိမ့်မယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူတွေအပေါ်သြဇာညောင်းချင်တယ်ဆိုရင်တော့ အပြန်အလှန်လေးစားယုံကြည်မှုရှိဖို့လိုပါတယ်။  အခြားသူတွေဆီက လေးစားမှု လိုချင်တယ်ဆိုရင်တော့သူတို့ကိုလေးစားမှုပြရပါမယ်။ ဂရုစိုက်မှု ပြရပါမယ်။ ကိုယ်ဟာ နေရာတစ်ခုမှာ ခေါင်းဆောင်နေရာ ရနေပြီဆိုရင်တော့ ခေါင်းဆောင်ကောင်းမှာ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ ပြည့်မှီနေမှ “ခေါင်းဆောင်ကောင်း” ဆိုတဲ့ ဂုဏ်ပုဒ်ရနိုင်မှာပဲဖြစ်ပါတယ်။  ကိုယ်ဟာ နေရာတစ်ခုရဲ့ ခေါင်းဆောင်မှုပိုင်း ရလာပြီဆိုရင်တော့ “ကိုယ့်ကိုယ်ကို ခေါင်းဆေင်ကောင်း တစ်ယောက်အဖြစ် ခံယူနိုင်ပြီလား” ဆိုတာ စဉ်းစားရပါလိမ့်မယ်။



စာရေးသူ – ယုကီ

Comments

  1. Replies
    1. အရမ်းကောင်းတဲ့စာသားလေးပါ

      Delete
    2. ငါတို့ အချင်းချင်း ချစ်ကြပြီး (ဖေးမ) ကြမှာကို သူတို့က ကြောက်ကြတယ်။ ဘာလို့လည်းဆိုတော့ တစ်ဦးနဲ့ တစ်ဦး ချစ်ခင် (ဖေးမ) ခြင်းကနေ သူတို့ မထိန်းချုပ်နိုင်တဲ့ ကမ္ဘာတစ်ခုကို ဖန်တီး နိုင်လို့ပါပဲ။
      crd San Zuen

      Delete
    3. စာသားလေးတွေကို ကြိုက်တယ်ဗျာ

      Delete
  2. မီ့အကြီးတွေတော့ရှယ်ကောင်းတာရှယ်Supportတယ် အဆူခံရတာကလွဲရင် ချစ်ပါတယ်☺️

    ReplyDelete
  3. ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုရင်နောက်လိုက်ကောင်းဖြစ်နေဖို့လိုတယ်

    ReplyDelete
  4. ခေါင်းဆောင်ကောင်းဖြစ်ဖို့ အကုန်တတ်စရာမလိုဘူး စီမန့်ခန်ခွဲ တွေးတောနိုင်ရုံနဲ့ရပါပြီ

    ReplyDelete
  5. For the liberation of all💪🏻🤩❤❤

    ReplyDelete
  6. If you're reading this, it doesn't matter where you are right now on this planet, I wish you a wonderful day and a happy, peaceful life where all your dreams come true.❤️��

    ReplyDelete
  7. ဖတ်လို့ကောင်းလိုက်တဲ့ စာသားလေးတွေ.....

    ReplyDelete
  8. ခေါင်းဆောင်းကောင်းရဲ့လက်အောက်မှာနေပီး
    ငါတို့ဘဝတွေပျော်ရွှင်စွာနေနိုင်အောင်လို့
    လူယုတ်လူညံ့စင်ပေါ်တက်ထိုင်ပီးအာဏာရူးနေတဲ့
    ခွေးကိုမြန်မြန်တိုက်ထုတ်နိုင်အောင်
    ငါတို့တွေအားတင်းပီးရှေ့ဆက်ကြစို့ရောင်းရင်းတို​့ရေ

    ReplyDelete
  9. မင်းအောင်လှိုင်ကိုကြုံးမယ့် ငဖုတ်

    ReplyDelete
  10. ငါတို့ဆီမှာခေါင်းဆောင်ကောင်းကရှိပြီးသား
    ခွေးသေဖို့ပဲလိုတော့တယ်🙃

    ReplyDelete
  11. Click လိုက်ပြီလိုက်ပြီနော်

    ReplyDelete
  12. ဖိုက္တင္းပါ 💪🏻💪🏻💪🏻💪🏻💪🏻

    ReplyDelete
  13. မအေလိုးမင်းအောင်လှိုင်

    ReplyDelete
  14. ငါတို့နိုင်မှာ

    ReplyDelete
  15. ကြိုးစားနေပါတယ်

    ReplyDelete
  16. click ရင်းနဲ့လဲ ဗဟုသုတရတယ်

    ReplyDelete
  17. ကလစ်ရင်းဗဟုသုတယူကြမယ်

    ReplyDelete
  18. Armed robbery have a short win, but robber needs to keep inciting violence to keep in control. We must not let robbers win.

    ReplyDelete
  19. ကြိုးစားထားကြဟေ့

    ReplyDelete
  20. Very good article. Much appreciated

    ReplyDelete
  21. မအလ မွေးမလာရင် ကောင်းမှာ

    ReplyDelete
  22. ခေါင်းဆောင်၁ယောက်ရဲ့ရှိသင့်ရှိထိုက်တဲ့အရာေတွကိုဖော်ပြပေးသွားတာအရမ်းကောင်းပါတယ်

    ReplyDelete
  23. ငါတို့စတေးသမျှကို ငါတို့ရဲ့သားစဥ်မြေးဆက် ခံစား စံစားစေရမယ်...ငါတို့ကိုတမ်းတ ဂုဏ်ကြူး အလံလွှင့်ထူနေစေရမယ်

    ReplyDelete
  24. ကြိုးစားထားကြဟေ့

    ReplyDelete
  25. ဒီစာလေးကိုကျနော်ဆရာကိုဖတ်စေချင်လိုက်တာဗျာ

    ReplyDelete
  26. အရေးတော်ပုံ အောင်ရမယ်

    ReplyDelete
  27. ငါတို့နိုင်​ကိုနိုင်​မှာ💪

    ReplyDelete
  28. ကျန်းမာဘေးကင်းကြပါစေ

    ReplyDelete
  29. ​ခွေးစုတ်မင်း​အောင်လှိုင်နဲ့​နောက်လိုက်​ခွေးစုတ်​တွေ ကျဆုံးကျရှုံးဖို့ ​နေ့တိုင်း click ပါတယ်
    အ​ရေး​တော်ပုံ​အောင်ရမည်

    ReplyDelete
  30. ဒီလိုမြန်မာစာအရေးအသားနဲ့ဗဟုသုတရမယ့်စာလေးတွေများများတင်ပေးပါရှင့်🤍

    ReplyDelete
  31. ဒီကစာသားဒါမှမဟုတ်ပုံလေးတွေကြိုက်လို့ Fb မှာပြန်တင်ချင်လို့ယူသွားလို့ရလားဗျ

    ReplyDelete
  32. Leader is the best A May Suu😍

    ReplyDelete
  33. ငါတို့ နိုင်ငံမှာ ခေါင်းဆောင်ကောင်းတွေ အတွက်
    နေရာ မပေးကြဘူး..

    ငါလိုးမ အာဏာရှင်တွေ အကုန်လီးပဲ...

    ReplyDelete
  34. တကယ်ဖြစ်ချင်မိတယ်

    ReplyDelete
  35. Robbers can’t be head of household, even if they can raid the house and captured the mother.
    ဓမြဟာ ဘယ်တော့မှ အိမ်ထောင်ဦး မဖြစ်ဘူး၊ အိမ်ကို စီးပီး အမေ့ကို ဓါးမိုးဖမ်းထာရင်လဲ ဓမြ က ဓမြ ဘဲ။

    ReplyDelete
  36. ပုလင်ပေါ်တက်ထိုင်နေလည်း ခွေးဟာ ခွေး ဆိုတဲ့အတိုင်း ခွေးအလုပ်ကိုပဲ လုပ်တတ်မှာပါပဲ။ ဘယ်တော့မှ ဘုရင်ဖြစ်လာမှာမဟုတ်။

    ReplyDelete
  37. Thanks so much.
    fighting .
    All for all.

    ReplyDelete
  38. ညီသလားဟေ့ မောင်တို့ရေ

    ReplyDelete
  39. ညီသလားဟေ့ မောင်တို့ရေ

    ReplyDelete
  40. တချို့ အလုပ်က လူကြီးတွေဖတ်သင့်တယ်

    ReplyDelete
  41. Pan Ei Moe ဆိုတဲ့ကောင်မလေးကို ချစ်တယ်❤️

    ReplyDelete
  42. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  43. ကျော်ညာမတက်ဘဲ ကွက်လက်ကြီးပေါ်နေတယ်ဗျာ(〒﹏〒)

    ReplyDelete
  44. ❤️❤️❤️❤️❤️👍👍👍

    ReplyDelete
  45. တချို့တွေကနေရာယူကြတာ

    ReplyDelete

Post a Comment