ကောင်းကင်ကြီး ဘာလို့ အပြာရောင် ဖြစ်နေရတာလဲ?

ကောင်းကင်ကြီး ဘာလို့ အပြာရောင် ဖြစ်နေရတာလဲ?

(ဖတ်ရှုရန် ကြာချိန် ၃ မိနစ်ခွဲခန့်)

 


ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်...

ငှက်တွေကိုကွယ် ဘယ်သူတွေ တေးဆိုသင်တယ်....

 

        ဟုတ်ကဲ့၊ ငှက်တွေကို ဘယ်သူတွေ သီချင်းဆို သင်သွားတယ်ဆိုတာ ကျွန်တော် မသိပေမယ့် ကောင်းကင်ကြီး ဘာကြောင့် အပြာရောင်ဖြစ်နေရတယ် ဆိုတာကိုတော့ သိပါတယ်ခင်ဗျ။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ လေထုရှိတယ်.. ဟုတ်တယ်နော်? အားလုံးသိကြတဲ့အတိုင်းပဲ အဲ့လေထုထဲမှာ နိုက်ထရိုဂျင် ၇၈ %၊ အောက်ဆီဂျင် ၂၁ % နဲ့ တခြားဓါတ်ငွေ့တွေက ကျန်တဲ့ရာခိုင်နှုန်း ပါတယ်ပေါ့ဗျာ။ နေဆီက ကျလာတဲ့ အလင်းရောင်က အဖြူရောင်ပါ။ တော်တော်များများကတော့ ပြောကြပါလိမ့်မယ် "အဝါရောင်” ပါပေါ့။ မဟုတ်ပါဘူး။ ကိုယ့်လူတို့ နေ့ခင်းဖက်မှာ ရှိနေမယ့် နေလုံးကို လှမ်းကြည့်လိုက်ပါ။ အဖြူရောင်ကိုပဲ မြင်ရပါလိမ့်မယ်။ အဲ့တာ နေရဲ့ တကယ့်အရောင်မှန်ပါ။

အဖြူရောင် ဖြစ်ဖို့အတွက် အရောင်တွေ ပေါင်းစပ်ရပါတယ်။ ဒါကို သိပြီးသူတွေ ရှိပါလိမ့်မယ်။ မသိတဲ့သူတွေအတွက်လည်း အရှင်းဆုံး ပြောပြပေးပါမယ်။ သုံးမြှောင့်ဖန်တုံး ဒါမှမဟုတ် ရေမှုန်တွေကို အလင်းတန်း ဖြတ်သွားတဲ့အခါ သက်တံ့ရောင်စဉ် ထွက်ပါတယ်။ အဲ့ဒီတော့ ရှင်းပါတယ်။ သက်တံ့ရောင်စဉ် (၇) ခုကို ပြန်ပေါင်းလိုက်ရင် အဖြူရောင် ဖြစ်တယ်ပေါ့ခင်ဗျာ။ တလက်စတည်း သက်တံ့ရောင်စဉ် (၇) ခုကို အလွယ်မှတ်နည်းလေးပါ ပြောလိုက်မယ်ဗျာ။ ROYGBIV အသံထွက်ကတော့ ရွိုင်ဂျီဘစ်ဗ် ပါ။ Red, Orange, Yellow, Green, Blue, Indigo နဲ့ Violet ပါ

ကျွန်တော်တို့ မျက်လုံးတွေရဲ့ Retina မှာ Rods နဲ့ Cones ဆိုတဲ့ အာရုံခံဆဲလ်လေးတွေ ပါပါတယ်။ အဲ့နှစ်မျိုးမှာ Rod က အလင်း၊ အမှောင်နဲ့ အလင်းပြင်းအား ပမာဏကို ပြပေးပြီးတော့ Cone ကကျ အရောင်တွေကို သတ်မှတ်ပေးတယ်ပေါ့။ အဲ့ဒီမှာ Cones လေးတွေက RGB ပါ။ RGB သတ်မှတ်ချက် ကိုတော့ သိကြမယ်ထင်ပါတယ်။ ခုလက်ရှိ ကွန်ပြူတာတွေ၊ ဖုန်းတွေမှာ ပါနေတာပဲကို နော..။ အဲ့ဒီမှာ လာပါပြီ။ ကျွန်တော်တို့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံအရ ကျွန်တော်တို့ ကြည့်လိုက်တဲ့အရာမှာရှိတဲ့ RGB မှာ R (အနီရောင်) က ပိုများနေတယ်ဆိုရင် အဲ့ပစ္စည်းကို အနီရောင်လို့ သတ်မှတ်လိုက်ပါတယ်။ တစ်ကယ်လို့ B (အပြာရောင်) က ပိုများမယ်ဆိုရင်တော့ အပြာရောင်ပေါ့ဗျာ။

ကမ္ဘာ့လေထုထဲမှာရှိတဲ့ တချို့ဒြပ်မှုန်လေးတွေက အပြာရောင် အလင်းတန်းရဲ့ လှိုင်းအလျားနဲ့ အရွယ်အစား အတူတူပဲတဲ့ဗျ။ ကဲ.. ဇာတ်လမ်း စ,ပြီ။ နေဆီကနေ အဖြူရောင်အလင်းတန်း ကမ္ဘာဆီကို ကျလာပြီ ဆိုပါတော့ဗျာ။ အဲ့ဒီ အဖြူရောင် အလင်းတန်းဟာ ကမ္ဘာ့လေထုထဲ ရောက်တဲ့အချိန် ခုနက ဒြပ်မှုန်လေးတွေနဲ့ တိုက်မိပြီး ဘေးပတ်လည်ကို ဖြာထွက်ကုန်ပါတယ်။ ဘာအရောင် ဖြာထွက်သလဲဆို အပြာရောင်အလင်းတန်းရဲ့ လှိုင်းအလျားနဲ့ အရွယ်အစား အတူတူဆိုမှတော့ အပြာရောင်ပေါ့ခင်ဗျာ... အပြာရောင်ပေါ့။ အဲ့ဒီအလင်းတန်းဟာ ကမ္ဘာပေါ်ကို တိုက်ရိုက်မကျနိုင်တော့ဘဲ အရပ်မျက်နှာအစုံ ဖြာထွက်သွားတယ်ပေါ့ဗျာ။ ဆိုတော့ နေရဲ့အလင်းရောင်ဟာ ကမ္ဘာ့မျက်နှာပြင်ပေါ်ကို မကျခင် အပြာရောင်ကို စစ်ထုတ်ခံလိုက်ရပါတယ်။ အဲ့ဒီလိုနဲ့ ကမ္ဘာ့လေ့ထုထဲမှာ အပြာရောင်တွေ ပြန့်ကျဲသွားပြီး ကိုယ့်လူတို့ မြင်နေရတဲ့ ကောင်းကင်ပြာကြီး ဖြစ်လာတယ်ပေါ့ဗျာ။ (ဒီဖြစ်စဉ်ကို Rayleigh Scattering လို့ ခေါ်ပါတယ်။ ၁၉ ရာစုက ဗြိတိန်ရူပဗေဒပညာရှင် Lord Rayleigh ရဲ့နာမည်ကို အစွဲပြုပြီး ပေးခဲ့တာဖြစ်ပါတယ်။)

နောက်တစ်ခု ပြောရရင် နေကျသွားတဲ့အချိန်မှာ လေထုအတွင်း အလင်း ဖြတ်သန်းသွားရတဲ့ အကွာအဝေးဟာ ပိုရှည်သွားပါတယ်။ မြင်သာအောင် ပြောပြပါမယ်။ ကမ္ဘာကြီးကို အလွှာ ၂ ထပ် ရှိတဲ့ စက်ဝိုင်းခြမ်းတစ်ခုလို့ ယူဆလိုက်ပါ။ အပေါ်ယံ တစ်လွှာကတော့ လေထုပေါ့ဗျာ။ စက်ဝိုင်းခြမ်း အပေါ်တည့်တည့်ကနေဆို ဖြတ်သန်းသွားရမယ့် ထုထည်ပမာဏ နည်းပေမယ့် စက်ဝိုင်းခြမ်းရဲ့ ထောင့်ဖက်ကဆိုရင်တော့ ထုထည် ပိုများသွားမယ်ဆိုတဲ့ သဘောပါပဲ။ အဲ့ဒီတော့ ဖြတ်သွားရမယ့် လေထုပိုများလေ အလင်းပြန့်တာ ပိုများပြီး ကောင်းကင်ကြီး ပိုပြာလေပဲပေါ့ဗျာ။ ဒါကြောင့် နေ့လည်နေ့ခင်းဆို ကောင်းကင်က အပြာဖျော့ဖျော့ဖြစ်ပြီး ညနေပိုင်းဆို အပြာရင့်ရင့် ဖြစ်သွားတာပါ။ အဲ့လို အပြာရောင်တွေ အများကြီး စစ်ထုတ်ခံလိုက်ရတော့ နောက်ဆုံး နေဝင်ချိန် ရောက်တဲ့အခါ ဘာအပြာမှ မကျန်တော့ဘဲ ဖြစ်သွားပါတယ်။ အဲ့ဒီတော့ ဘာအရောင် ဖြစ်သွားမလဲ။ ရောင်စဉ် (၇) ခုမှာ အပြာဖက်ခြမ်း စပ်ဆက်အရောင်တွေကို ဖယ်ထုတ်လိုက်ရင် Red, Orange နဲ့ Yellow ပဲ ကျန်ပါတော့တယ်။ အဲ့တာကြောင့်ပဲ နေဝင်ချိန်ဟာ နီစွေးစွေး ပုစွန်ဆီရောင် ဖြစ်ရတာပါပဲခင်ဗျာ။

နောက်တစ်ချက်ကတော့ ဒီအလင်းပြန့်တဲ့ ဖြစ်စဉ်ကြောင့်ပဲ နေ့လည်နေ့ခင်းမှာ ကြယ်တွေကို မမြင်ရတာပါ။ ကလေးအတွေးမှာတော့ တစ်ခုရှိပါလိမ့်မယ်။ နေ့ဖက် နေကြီး ထွက်နေလို့ ကြယ်တွေကို မမြင်ရတာပါပေါ့။ ကြယ်တွေရဲ့ အလင်းရောင်တွေဟာ သူတို့ထက် ပိုလင်းတဲ့ နေရဲ့အလင်းရောင်ကို ကျော်မသွားနိုင်တာကြောင့် ကြယ်တွေကို မမြင်ရတာဆိုပြီး တွေးတတ်ကြမှာပါ။ မဟုတ်ပါဘူးခင်ဗျာ။ မှားပါတယ်။ အပြာရောင် အလင်းတန်းတွေဟာ ကမ္ဘာကြီးရဲ့ လေထုပတ်ပတ်လည်မှာ တောက်ပနေတဲ့ အတွက်ကြောင့် ကျွန်တော်တို့တွေဟာ အဲ့အကျော်မှာရှိနေမယ့် ကြယ်တွေကို မမြင်ရတော့တာ ဖြစ်ပါတယ်။ လေထုသာမရှိဘူးဆိုရင် ကျွန်တော်တို့တွေဟာ နေ၊ လနဲ့ ကြယ်တွေကို တစ်ချိန်တည်းမှာ မြင်နေရမှာပါခင်ဗျာ။

C2D

ကိုးကား ; StarTalk Podcast by Neil deGrasse Tyson

Comments

  1. စာဖတ်ရတော့ ကလစ်ရတာ ပိုမိုက်

    ReplyDelete
    Replies
    1. မတရားဥပဒေနှင့်မတရားအမိန့်
      Dec6

      Delete
    2. ဆောင်းတော့ ဆောင်းပဲ
      ဒါပေမယ့် ရင်ထဲမှာတော့
      အရမ်းကို ပူပါတယ်...

      Delete
    3. ကျွန်တော့လိုE skillညံတဲ့သူတွေအတွက် ပိုအဆင်ပြေတယ် စာလည်းတကယ်ဖတ်ရ ဗဟုသုတလည်းရ Thanks for everything

      Delete
  2. Replies
    1. မင်မင်ကြီးက ဒါလည်းသိတာပဲနော်👍

      Delete
  3. စာဖတ်ရင်းclick
    Thanks

    ReplyDelete
  4. လေထုသာမရှိရင် နေ လ နဲ့ကြယ်ကို တပြိုင်ထဲမြင်လဲ ပြီးရော လူတွေ အကုန်သေကုန်ရော ဖြစ်သွားမှာ နော်

    ReplyDelete
    Replies
    1. ဟုတ်..ငါးတွေကတော့ရေထဲကO2 ရလို့မသေဘူးဗျ..စိုးရိမ်ရင် O2 အိုးတွေကြိုဆောင်ထားပါလားဗျ

      Delete
  5. RGB မှာ အက်မင်ဂျီးကတော့ G အရောင်ပိုများမယ်ထင်တယ်နော် (G:မီးခိုးရောင်) 😜😁

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. I'm fond of reading the topics and written style of Yurnero. Appreciate you.

    ReplyDelete
  8. အက်မင်ဂျီး ' Xenobots' အကြောင်းဖတ်ပြီးရင်လဲရေးပေးပါနော်, pls.

    ReplyDelete
  9. တကယ်မသိခဲ့ဘူး မင်မင်​ရေ... 😯😯😯

    ReplyDelete
  10. Click ရင်း ဗဟုသုတရမယ့်စာ​လေး​တွေဖတ်ရလို့​ကျေးဇူးတင်ပါတယ်

    ReplyDelete
  11. Clickလည်း click ဗဟုသုတလည်းရ ❤️

    ReplyDelete
  12. ကလစ်ရင်းစာဖတ်ရတော့မိုက်✨

    ReplyDelete
  13. အချိန်ရရင် စကြာဝဋာ (Galaxy တွေ ရွေ့လျားနေမှု)အကြောင်း တင်ပေးနိုင်ရင် တင်ပေးပါဦး

    ReplyDelete
  14. VIBGYOR
    လို့မှတ်ခဲ့တာ
    C2dနဲ့မှပြောင်းပြန်ဖြစ်တော့တယ်😁

    ReplyDelete
  15. အများကြီးသိရှိလိုက်ပြီဗျ

    ReplyDelete
  16. Reading and click. It Satisfies me.

    ReplyDelete
  17. ဖတ်လို့ကောင်းလိုက်တာ 😍😍😍

    ReplyDelete
  18. Thanks for knowledgeable reading.

    ReplyDelete
  19. Wow!!!😅😃😃😃😃☺☺☺☺

    ReplyDelete
  20. Fighting💪🏻💪🏻💪🏻💪🏻💪🏻

    ReplyDelete
  21. ဆရာမသမီး မဝတ်မှုန်ကို ချစ်တယ်

    ReplyDelete
    Replies
    1. ဪ..ဪ...
      ဆရာမ ကြိမ်လုံးဂျီးနဲ့လာပါဘီ..

      Delete
  22. CDM မလုပ်တဲ့ဆရာမတွေကို ဘုချင်တယ်

    ReplyDelete
  23. အရေတော်ပုံ အောင်ရမည်

    ReplyDelete
  24. ​နောက်ဆုံး​တော့ သိချင်တာသိရပြီ ​ကျေးဇူးပါ admin ❤

    ReplyDelete
  25. အချစ်ကြောင့်ပြာတယ်😂😂

    ReplyDelete
  26. တိမ်ပြာပြာ နေ့တနေ့ ဆန်းဒေးမှာကွယ်.....
    (ဦးညီထွဠ်ဂျီး မှားတယ်, အက်မင်ဂျီးမှန်တယ် 😁)

    ReplyDelete
  27. မမ ကကျနော့အချစ်တွေမမြင်လို့ပြာသွားတာပါ

    ReplyDelete
  28. Please post like these blogs more often! Lovee it!^^ Fighting clcikers

    ReplyDelete
  29. ဗဟုသုတရပါတယ်။

    ReplyDelete
  30. မှတ်သားရပါတယ်။

    ReplyDelete
  31. ဗဟုသုတတွေ တိုးပါတယ် ကျေးဇူး

    ReplyDelete
  32. သဘာဝကို ထိန်းသိမ်းကြပါ

    ReplyDelete
  33. ​​ကောင်းကင်ပြာကို ဘယ်သူများ ​ဆေး​ရောင်ခြယ်
    😊😊😊

    ReplyDelete
  34. တွေးမရဘူးကွယ်...တွေးမရဘူးလေကွယ်😁

    ReplyDelete
  35. နွေးထွေးပါစေဆိုတဲ့စကားထက်
    ဆောင်းက ပိုအေးတယ်
    ❄️❄️❄️❄️❄️❄️❄️❄️

    ကရုဏာသက်ရင်
    ကလစ်တစ်ချက်တော့
    နှိပ်ပေးပါ ☝🏻

    ReplyDelete
    Replies
    1. အခုထက်ပိုပီး စည်းရုံးလေ
      ပန်းတိုင်ရောက်ဖို့ ပိုနီးလေ

      Delete
  36. ကမ္ဘာ့ မသန်မစွမ်းနေ့ကို ကြိုဆိုပါသည်။

    ReplyDelete
    Replies
    1. မသန်စွမ်း ပါဗျ..
      မသန်ပေမဲ့ စွမ်းပါတယ်ဗျ..အမေစုပြောတာလေးကိုတောင်သတိရသွားတယ်

      Delete
    2. အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဒီဇင်ဘာ ၃ရက်​နေ့
      မသန်မစွမ်း လို့ မ​ပြောရပါဘူး​နော် မသန်စွမ်းပါ
      မှား​နေလို့ ပြင်​ပေးတာပါ ​ဆောရီးပါ​နော်

      Delete
  37. 😁🤗🤗🤗🤗🤗🤗🤗🤗🤗

    ReplyDelete
  38. 🎶ကောင်းကင်ပြာကို ဘယ်သူများဆေးရောင်ခြယ်🎶

    ReplyDelete
  39. မိန်းမတွေပြောကြတာကတော့ ကျနော်တို့ယောက်ျားတွေညာလို့တဲ့😛

    ReplyDelete
  40. Hi Admin ' Many Many Thanks for this knowledge shareing. I have been enjoyed to read this article. And interesting so much also.

    ReplyDelete
  41. ကျေးဇူးပါ မင်မင်
    ချစ်တယ် လို့ဆိုပြီးပြောမိတော့မလို့😁
    အလကား စတာ သိလား
    ငါတို့နိုင်မှာ

    ReplyDelete
  42. စာလေးတွေပါဖတ်ရတော့မိုက်တယ်❤

    ReplyDelete
  43. we support NUG LPDF PDF &EAOs

    ReplyDelete
  44. Thanks for information.
    I love SkyBlue 💙

    ReplyDelete
  45. For the liberation of all💪🏻💪🏻

    ReplyDelete
  46. အဲ့လိုလေးတွေများများလုပ်ပေးပါဗျ

    ReplyDelete
  47. Let us walk toward our goal💪🏻❤🤩🤩

    ReplyDelete
  48. ကြိုးစားပီးClickကြစို့

    ReplyDelete
  49. Thanks for the knowledge

    ReplyDelete
  50. သိလိုက်ရတာ ကောင်းလိုက်တာ

    ReplyDelete
  51. click လဲလုပ် ဗဟုသုတလဲရ မိုက်တယ်

    ReplyDelete
  52. အိမ်သာတက်ရင်းclick

    ReplyDelete
  53. အသိတိုးသွားတယ် ကျေးဇူးပါ

    ReplyDelete
  54. ဗဟုသုတတွေမျှဝေပေးတဲ့တွက် ကျေးဇူးပါရှင့်

    ReplyDelete
  55. DDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDD

    ReplyDelete
  56. မအလသေတော့မှာမို့ပြာနေတာ

    ReplyDelete
  57. Coz of admin gyi paint it...next time paint the light too..

    ReplyDelete
  58. မအလကို အာဏာသိမ်းဖို့ ဘယ်သူတောင်းစား
    မြှောက်ပေးတယ်

    ReplyDelete
  59. ကလစ်တစ်ချက်နဲ့စစ်ခွေးကိုအမြစ်ဖြတ်မယ်

    ReplyDelete
  60. စစ်ဖိနပ်အောက်ဒူးမထောက်ဘူး မုဆိုးခြေထောက်ဆုးမကြောက်ဘူး
    crd

    ReplyDelete
  61. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  62. တကယ်အနှစ်သာရ ရှိလှ၏

    ReplyDelete
  63. Click to donate, all to participate

    ReplyDelete

Post a Comment