EQ မြင့် မမြင့် ဘယ်လိုသိနိုင်မလဲ

EQ မြင့် မမြင့် ဘယ်လိုသိနိုင်မလဲ



ခုခေတ်မှာ IQ မြင့်ဖို့ထက် EQ မြင့်ဖို့က အောင်မြင်မှုအတွက် ပိုအရေးပါတယ်လို့ လက်ခံလာကြပါတယ်။ တချို့အနုပညာသမားတွေ၊ အားကစားသမားတွေ၊ ပညာရှင်တွေဟာ သက်ုင်ရာနယ်ပယ်မှာတော့ ပါရမီရှင်လို့ ပြောရလောက်အောင် ထူးချွန်ကြပေမဲ့ EQ က နိမ့်နေတဲ့အခါမှာ ထင်သလောက် မအောင်မြင်တာ၊အောင်မြင်မှုက မကြာရှည်တာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါကြောင့် EQ မြင့်ဖို့ အရေးကြီးပါတယ်။

ကိုယ်ဟာ EQ မြင့်တဲ့သူ ဟုတ်မဟုတ် ဆိုတာကိုတော့ ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လို့ ရပါတယ်။

၁။ Intrapersonal skill



ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲဆိုတဲ့ အရည်အချင်းပါ။ ငါက ဒေါသထွက်ရင် ထိန်းမရဘူး၊ ငါ့ကို လာကျောရင် ပြန်ကျောလိုက်ရမှ ဆိုတာတွေက အဲဒီအရည်အချင်း အားနည်းတာကို ပြပါတယ်။ ပုထုဇဉ်လူသားတွေပဲမို့ ဒေါသထွက်တတ်ကြတယ်၊ ဝမ်းနည်းတတ်ကြတယ်၊ အသည်းကွဲတယ်၊ စိတ်လေတယ်၊ အပျော်လွန်သွားတယ်၊ စိတ်ဓါတ်ကျတယ်၊ မျိုးစုံသော စိတ်ခံစားမှုတွေ ရှိပါတယ်။ ဒါတွေ ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတိထားမိပြီး အချိန်မီ ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို ကိုယ့်ရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့အခါ မလိုအပ်ဘဲ အလုပ်မှာ အဆင်မပြေ ဖြစ်ရတယ်၊ ဆက်ဆံရေးတွေ ပျက်စီးကြရပါတယ်။



၂။ Interpersonal skill

တခြားသူများနဲ့ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။ ရုံးတစ်ခုမှာ၊ ဆိုကြပါစို့၊ ရှိသမျှ ဝန်ထမ်းအားလုံးက အကျင့်ပျက်တယ်၊ လာဘ်ယူတယ်၊ တစ်ယောက်ကပဲ ဒါမျိုးတွေ လုံးဝမလုပ်တော့ သူ့ကို အားလုံးက မုန်းတယ်၊ အပေါင်းအသင်း အဆက်အဆံ မလုပ်ဘူး။ ဒါမျိုးကို EQ နိမ့်တယ် ပြောလို့ရသလား။

နောက်ပြီး အပေါင်းအသင်းတော့ များတယ်၊ ပေးနိုင်ကမ်းနိုင်၊ ကျွေးနိုင်မွေးနိုင်လို့ဖြစ်ဖြစ်၊ ရယ်စရာ ဟာသတွေ သိပ်ပြောလို့ဖြစ်ဖြစ်ပေါ့။ အဲဒီလိုဖြစ်တာနဲ့ EQ မြင့်ပြီလား။

အထက်လူကြီးတွေကိုတော့ ဝင်တတ်၊ ထွက်တတ်လို့ ဆက်ဆံရေး အဆင်ပြေပြီး ကိုယ့်အောက်ကလူကျ နှိမ့်ချဆက်ဆံတတ်တဲ့ သူမျိုးဆိုရင်ရော။



လူဆိုတာ ကိုယ့်ထက်နိမ့်တဲ့သူကို သနားဖို့ လွယ်တယ်၊ ကိုယ့်ထက်သိပ်မြင့်တဲ့သူကိုလည်း အားကျဖို့ လွယ်ပါတယ်။ တန်းတူလောက်ရှိတဲ့သူ၊ သိပ်မကွာတဲ့သူတွေအပေါ်သာ မုဒိတာပွါးဖို့ ခက်ကြတာပါ။

တကယ်တမ်းတော့ Interpersonal skill မြင့်တယ်ဆိုတာဟာ လူတစ်ဖက်သားကို ဘယ်လောက်ထိ လေးလေးစားစား ဆက်ဆံနိုင်သလဲ၊ ဘယ်လောက်ထိ ဖြည့်တွေးပေးနိုင်သလဲ ဆိုတဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။

သူ့မှာလည်း ခိုင်မာတဲ့ ယုံကြည်ချက်ရှိတယ်၊ တစ်ဖက်မှာ ရှိနေတဲ့၊ သူနဲ့မတူတဲ့ ယုံကြည်ချက်ကိုလည်း လေးစားတယ်၊ လူတွေအားလုံးမှာ တန်ဖိုးတစ်ခုစီတော့ ရှိကြတယ်လို့ မြင်တယ်၊ ဘယ်သူ့ကိုမှလည်း အောက်မကျို့သလို ဘယ်သူ့ကိုမှ အထက်စီးက မဆက်ဆံဘူး။ အကြောင်းကိစ္စတိုင်းမှာ သူ ဘယ်လိုများနေမလဲ၊ သူ ဘာလို့များ ဒီလိုလုပ်တာလဲ ဆိုပြီး သူတစ်ပါးဘက်ကနေ ထည့်စဉ်းစားပေးတတ်ကြတယ်။ ဘယ်တော့မှ သူ့တစ်ဖက်တည်း မကြည့်တတ်ကြဘူး။



ဒီလိုအရည်အသွေးမျိုးရှိမှ Interpersonal skill မြင့်တယ် သတ်မှတ်လို့ ရပါမယ်။

၃။ Flexibility & Adaptability

Smartness ဆိုတာ အခြေအနေ အသစ်တစ်ခုမှာ ဘယ်လောက်မြန်မြန် အသားကျသလဲ၊ ပညာရပ်တစ်ခုကို ဘယ်လောက်မြန်မြန် သင်ယူနိုင်သလဲဆိုတာကို ခေါ်တာပါ။ ခုခေတ်လို ဒီနေ့နဲ့ မနက်ဖြန်တောင် သိပ်မတူချင်တော့တဲ့ ကာလမှာ ဒီအရည်အသွေးက အရေးပါလာပါတယ်။ ကိုယ်သိထားတဲ့အတိ်ုင်း၊ ကိုယ်လုပ်နေကျအတိုင်းပဲ၊ လွယ်လွယ်နဲ့ မပြောင်းနိုင်ဘူး၊ အခြေအနေသစ်တစ်ခုမှာ အခြေကျဖို့ သိပ်ခက်နေတယ်ဆိုရင် အဲဒါကို ပြင်နိုင်ဖို့ လိုပါတယ်။



၄။ Self confident & open minded

အရပ်ပုတာချင်း တူပေမဲ့ တစ်ယောက်က ဒါနဲ့ပတ်သက်ပြီး အငုံ့စိတ်ရှိနေတဲ့အခါမှာ နည်းနည်းလေးမှ အစအနောက်မခံဘူး၊ အရမ်း Sensitive ဖြစ်တယ်။ သူ့ကို ပုတယ် ပြောလိုက်တာနဲ့ ပြန်ချေပတယ်၊ စိတ်သိပ်ဆိုးတယ်။ နောက်တစ်ယောက်ကတော့ စိတ်ဆိုးဖို့ မပြောနဲ့၊ သူများမပြောခင်တောင် သူက အရင်စပြောနေလိုက်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရပ်အမောင်းနဲ့ ပတ်သက်ပြီး အားငယ်မနေဘူး။ လူပုံပန်းသွင်ပြင်ဟာ လူတစ်ယောက်ရဲ့ တန်ဖိုးကို အဆုံးအဖြတ် မပေးနိ်ုင်ဘူးဆိုတာကို ကောင်းကောင်းသိထားတယ်။ (ဒီနေရာမှာ Body shaming လုပ်တာ ကောင်းတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။)



တချို့ကျ ကိုယ့်ကိုယ်ကိုယ် တအားကြော်ငြာတယ်၊ ကိုယ် တော်ကြောင်းတတ်ကြောင်း လူသိပ်သိစေချင်တယ်၊ အချီးကျူးခံချင်တယ်၊ အလေးစားခံချင်တယ်။ အဲဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ၊ အငုံ့စိတ်ဝင်နေတာကို ပြပါတယ်။

၅။ Stress management

ဘဝမှာ အောင်မြင်ချင်တဲ့သူတိုင်း မလွဲမသွေ ရင်ဆိုင်ရမှာတစ်ခုကတော့ စိတ်ဖိစီးမှုပါပဲ။ ယူရတဲ့ တာဝန်က ကြီးလာလေလေ၊ ကိုယ့်နောက်မှာ ပါလာတဲ့ လူတွေ များလာလေလေ၊ စိတ်ဖိစီးမှုကလည်း ကြီးလာလေလေပဲ။



အရည်အချင်းရှိပေမဲ့ အဲဒီ Stress ကို မခံနိုင်တဲ့အခါမှာ မတိုးတက်လာကြတာတွေ မြင်ဖူးမယ်ထင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲ၊ ထွက်ပေါက်ပေးနိုင်သလဲ ဆိုတာ အရေးကြီးပါတယ်။ ဘာမဟုတ်တာလေးအတွက် အကြီးအကျယ် ခံစားနေကြတာတွေ၊ အလဟဿ အချိန်ဖြုန်းပြီး အပျော်အပါးနောက် လိုက်ရင်း ထွက်ပေါက်ပေးလိုက်တာတွေက စိတ်ဖိစီးမှုကို ကောင်းကောင်း မကိုင်တွယ်နိုင်ဘူး ဆိုတဲ့သဘောပါပဲ။

၆။ General mood



တစ်ခါတုန်းက အဖိုးကြီးတစ်ယောက် အိပ်နေတုန်း သူရဲ့ မုတ်ဆိတ်မှာ သူ့မြေးလေးတွေက နောက်ပြောင်တဲ့ သဘောနဲ့ အင်မတန် အနံ့ပြင်းတဲ့ ခရင်မ်တွေ သွားသုတ်ထားသတဲ့။ အဲဒါနဲ့ အဖိုးကြီးက နိုးလာတော့ အဲဒီအနံ့ဆိုးဆိုးကြီးကို ရနေတာပေါ့။ ဘယ်နားမှာလဲ လိုက်ရှာတယ်၊ မီးဖိုချောင်ထဲ သွားတော့လည်း ဒီအနံ့၊ အိမ်ရှေ့ထွက်တော့လည်း ဒီအနံ့၊ ဘယ်သွားသွား အနံ့က ရနေတော့ သူက ပြောလိုက်တယ်၊ ဟာ နေရာအနှံ့မှာ ဒီအနံ့ကြီး ရနေတော့တာပါပဲလား တဲ့။ အမှန်တော့ သူ့မုတ်ဆိတ်မှာ စွဲနေတဲ့ ခရင်မ်ရဲ့ အနံ့ကို သတိမထားမိဘဲ တစ်လောကလုံးက အနံ့ထွက်နေတယ် ထင်နေတာပါ။



လက်တွေ့မှာလည်း ဒီလိုလူတွေ တွေ့ဖူးပါတယ်။ သူတို့တွေနဲ့ စကားကြည့်လိုက်ရင် ဘယ်တော့မှ သူတို့ မှားတယ်ဆိုတာ မရှိဘူး၊ လောကကြီးကပဲ မတရားသလိုလို၊ မကောင်းတဲ့ လူတွေနဲ့ပဲ ပြည့်နှက်နေသလိုလို ပြောတတ်ကြတယ်။ နောက်ပြီး လူတစ်ဖက်သားအပေါ် လေးစားမှု၊ ယုံကြည်မှုလည်း နည်းကြတယ်။ ပုံမှန်ကြည့်လိုက်ရင်ကို မျက်နှာထားတွေ ခက်ထန်နေတယ်၊ ရယ်ခဲပြုံးခဲတယ်၊ ဘဝကို မပျော်ရွှင်နိုင်ကြဘူး။



အဲဒီလိုလူတွေအတွက် တစ်ခုပြောပြချင်ပါတယ်။

တက္ကသိုလ်တစ်ခုမှာ ဟောပြောခဲ့တဲ့ မျက်စိလည်း မမြင်၊ နားလည်း မကြားတဲ့ ဟယ်လင်ကဲလားရဲ့ မိန့်ခွန်းဟာ ပျော်ရွှင်မှုနဲ့ သက်ဆိုင်တဲ့အကြောင်းနဲ့ သူ့ဘဝမှာ ပိုင်ဆိုင်ခဲ့ရတာတွေအတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောသွားခဲ့တာ ဆိုတာပါပဲ။

ဒီအချက် ၆ ချက်နဲ့ ဆန်းစစ်ကြည့်ပါ။ အကယ်၍များ အားနည်းနေသေးတယ်ထင်ရင် ကြိုးစားပြီး ပြင်ကြည့်ပါ။

ကိုယ့်ခံစားချက်တွေ ပိုသတိထားမိစေဖို့၊ ပိုပြီး ထိန်းချုပ်နိုင်စေဖို့အတွက် တရားထိုင်ပါ။



သူတစ်ပါးကို လေးစားတတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့ စာအုပ်များများဖတ်ပါ၊ အထူးသဖြင့် ရသစာပေပေါ့။

ဘယ်အရာကိုမှလည်း တရားသေ ဆုပ်ကိုင်မထားပါနဲ့။ အရာအားလုံးဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။

နောက်ပြီး ကိုယ့်မှာ မရှိသေးတာတွေကိုပဲ တွေးပြီး ညည်းညူမနေပါနဲ့၊ ကိုယ့်မှာ ရှိနေတဲ့အရာတွေကိုလည်း တန်ဖိုးထားတတ်ပါစေ။ ကိုယ်ဘယ်လိုမှ ပြောင်းလဲလို့ မရနိုင်တော့တဲ့ အရာတွေအတွက် စိတ်ညစ်နေမဲ့အစား အရှိအရှိအတိုင်း လက်ခံပေးလိုက်တာက ကိုယ့်ဘဝကို ပျော်ရွှင်မှုတွေ ရလာစေမှာ ဖြစ်ပါတယ်။



ဒေါက်တာ ဖြိုးသီဟ



Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. IQ ​ရော EQ ​ရော မြင့်ဖို့ ကြိုးစား​နေဆဲ

    ReplyDelete
  3. We shall never surrender 💪💪💪

    ReplyDelete
  4. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  5. နှိပ်ပြီးပါဗြီ....

    ReplyDelete
  6. Hope to read more like this article .

    ReplyDelete
  7. ရသစာဖတ်လည်း EQ နိမ့်တယ် ထင်တုန်းပဲ။
    introvert မို့ ပေါင်းသက်းဆက်ဆံရေးခက်သလား မပြောတတ်ဘူး

    ReplyDelete
    Replies
    1. Yoongi ကတော့ စန္ဒယားဆြာဂျီးထင်တယ်....
      IQရောEQ ရောမြင့်လောက်တယ်...

      Delete
  8. အစည်းအဝေးတခုဆိုတာ အလုပ် တခုကို တကယ် ကိုင်တွယ် ရတော့မှာမို့ ပြောဆို ဆွေးနွေး အကြံ ရယူပြီး အားဖြစ်ဖို့ စည်းကြ ဝေးက တာ အဲဒီ နေရာမှာ အားလုံးက အထက် ဖေါ်ပြတဲ့ အချက်တွေ ကိုယ်စည်နဲ့ ပေါ့ ... ကဲ အလုပ်ဖြစ်မယ် ထင်သလား . . လုပ်မှ ဖြစ်တော့မဲ့ ဟာမို့ ကိုယ်ပဲ လူမိုက် ဝင်လုပ်ခဲ့တော့တယ် .. လူမိုက်တော့ ဖြစ်သွားတာပေါ့ .. ရ သင့်သလောက် ရ ခဲ့ကြပါတယ် သို့သော် ဘယ်သူကမှ အသိအမှတ် မပြုဘူး ကျေးဇူးလဲ မတင်ဘူး ကိုယ်ကပဲ အများ အကျိုး ထမ်းနေတဲ့ လူမိုက်လိုလို ဘာလိုလိုပေါ့ ကိုယ်လဲ လူတွေကို အတော် စိတ်ပျက်သွားတယ် .. အားလုံး ယဥ်ပါးကုန်ရင် ဒီပြသာနာကို ဘယ်သူက ရှင်းမလဲ အများညီ ဤ က ကျွဲ ဖြစ်သေး .. ဒီလို ပတ်ဝန်းကျင် တွေ များလာတော့ လူ့လောက ပျက်တာ ဆန်းသလား .. အဲတော့ သီအိုရီတွေ ပြောင်းကြပါ

    ReplyDelete
    Replies
    1. အခြေခံပညာရေး (မူလတန်း)ကစပြင်မှရမယ်ထင်တယ်..ဒါတောင် မိဘတွေရှိသေးတယ်..
      "ကမ္ဘာကြီးသည် ကျောင်းတွင်လုံး၍ အိမ်တွင်ပြားသည်" ဟာသလိုမျိုးဖြစ်နေဦးမယ်...အဟီး
      ကိုယ်ထင်တာဝင်ပြောသွားသည်
      (ဂျပန် မူလတန်းပညာရေးတို့ အနောက်တိုင်းမူလတန်း ပညာရေးတို့ စွန်းအားကျ)

      Delete
  9. EQ is more important than IQ.

    EQ = IQ + Humanity

    💯👍

    ReplyDelete
  10. ကိုယ့်ကိုယ်ကို ဆင်ချင်ရမယ့်အရာတွေပြန်မြင်ရလို့ ကျေးဇူးတင်ပါတယ်

    ReplyDelete
  11. ဒီလိုစာလေး​ွေ ရေး​ေးတာ Clickလည်းနှိပ် စာဖတ်ရတော့ ဗဟုသုတလည်း ရတယ်😊

    ReplyDelete
  12. မအလထက်တော့သာပါတယ်🤣🤣🤣🤣။

    ReplyDelete
  13. ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  14. မင်းအောင်လိုင် MaALoe

    ReplyDelete
  15. Clickရင်း ဗဟုသုတများစွာရပါတယ်။ဆရာဒေါက်တာဖြိုးသီဟကို ကျေးဇူးတင်ပါတယ်။အခုလို အစီအစဉ်ကောင်းကို ဖန်တီးပေးသော adminများ၊ကြိုးစားပြီး clickပေးနေကြသူအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ကြောင်း ပြောပါရစေ။

    ReplyDelete
  16. Thank u so much.I still have a lot of work to do to control my emotions

    ReplyDelete
  17. clickရင်းနဲ့ တကယ့်ကို အရေးပါတဲ့ အသိပညာတွေရပါတယ်။အဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

    ReplyDelete
  18. ကြိုးစားနေဆဲပါ

    ReplyDelete
  19. Thank for sharing.Get knowledge

    ReplyDelete
  20. တချို့အချက်တွေက အခုကာလနဲ့ တိုက်ကြည့်ရင်
    သိပ်အဆင်မပြေဘူး
    ဥပမာ တဖက်သားကို ဖြည့်တွေးပေးနိုင်မှု
    Non တွေကို ဖြည့်တွေးပေးရတာ သိပ်မလုပ်နိုင်သေးဘူး

    ReplyDelete
  21. Thank for your knowledge sharing♥️.

    ReplyDelete
  22. စိတ်ပျော်လည်း Click
    စိတ်မပျော်လည်း Click
    Click လို့ရတုန်း Click

    ReplyDelete
  23. မနေ့က ၅၀၀တောင်ရတယ် clickနှိပ်တာ

    ReplyDelete
  24. မအလ ကြည့် သိနိုင်တယ် Eqမြင့်မမြင့်

    ReplyDelete
  25. ဗဟုသုတလဲရတယ် ဖတ်လို့လဲကောင်းတယ်

    ReplyDelete
  26. ကျေးဇူးပါ ဆရာ

    ReplyDelete
  27. ရသလောက်တော့ထိန်းတယ် မရင်လည်းကွကိုယ်စိတ်ချမ်းသာအောင်နေတယ်

    ReplyDelete
  28. ဒီနေ့ mission failedတယ်တဲ့ နှမြောလိုက်တာ အခုထိမအိပ်သေးဘဲ ကလစ်နေတဲ့သူတွေအားလုံး Fightingပါ

    ReplyDelete
  29. ကြိုက်လိုက်တာfbမာပြန်တင်ပေးပါလား

    ReplyDelete
  30. အရမ်းကောင်းတယ်

    ReplyDelete
  31. Stressအများကြီးမခံနိုင်​​သေးဘူး stress ရပီဆို ထွက်​ပြေးသွားချင်​တော့တယ် ကြိုးစားရ​အုံးမယ်

    ReplyDelete
  32. အရမ်းကောင်းတဲ့အကြောင်းအရာလေးပါ။

    ReplyDelete
  33. အနည်းနည်းလိုအပ်နေသော ကျမရဲ့EQ

    ReplyDelete
  34. ဘာပဲဖြစ်ဖြစ် ခုလိုစာလေးတွေရေးတင်ထားတော့ ဖတ်ရတာဗဟုသုတ အတွေးအမြင်ရပါတယ်။ယူသင့် ဆောင်သင့်တာယူရတာပေါ့။

    ReplyDelete
  35. မှတ်သားရပါတယ်။

    ReplyDelete
  36. Intraperitoneal skillကောင်းသူကိုတွေ့ဖူးတယ်ဗျ၊ အတော်ကြီးကို ထိန်းချုပ်နိုင်တယ်၊ ဒါပေမယ့် တော်တော့်ကိုယုတ်မာတာဗျ၊

    ReplyDelete
  37. ကြိုစားကြပါ

    ReplyDelete
  38. A That right 🇹🇼💪✊ done

    ReplyDelete
  39. ဗဟုသုတရပါတယ် ကျေးဇူးတင်ပါတယ်

    ReplyDelete
  40. Thanks. I want to suggest one thing that I can't read this font. Can u change to unicode.

    ReplyDelete
  41. ဖတ်လို့ကောင်းလိုက်တာ clickဘို့အချိန်တွေလျော့ကုန်ပြီ

    ReplyDelete
  42. ဆရာရေးတဲ့စာတွေဖတ်ရတာအရမ်းကောင်းပါတယ်။ ဗဟုသုတုတွေလဲရတယ်။ တချို့အရာတွေဆို ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့လိုနေသေးတာပဲ ပြုပြင်ရအုံးမာပဲဆိုတဲ့စိတ်ဝင်လာတယ် ပြောင်းလဲတာတွေလဲရှိသလို တချို့အရာတွေအတွက်လဲ ကြိုးစားနေတုန်းပါရှင့်❤️

    ReplyDelete
  43. Thanks for sharing this information

    ReplyDelete

Post a Comment