မိုက်ကယ်ဂျက်ဆင်

မိုက်ကယ်ဂျက်ဆင်



ကျေးဇူးပြုပြီးမင်းအိပ်မက်တွေဖြစ်လာအောင်လုပ်၊ဘယ်လိုအကောင်းဆုံးအရာတွေပဲဖြစ်ဖြစ်မင်းဖြစ်ချင်ရင်ဖြစ်လာနိုင်တယ် ။

( မိုက်ကယ်ဂျက်ဆင် )

Pop ဂီတရဲ့ဘုရင် လို သက်ရှိထင်ရှားရှိစဉ်ကရော ကွယ်လွန်ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိ တစ်ကမ္ဘာလုံးလက်ခံထားရလောက်အောင် ဖြစ်ခဲ့တဲ့ King of Pop ဆိုတဲ့ title ဟာ Micheal Joseph Jackson ဆိုတဲ့ Chicago မြိုကနေ ၂၅ မိုင်ပဲဝေးတဲ့ Gary မြိုသားလေးအတွက် လွယ်လွယ်ကူကူရခဲ့တာတော့မဟုတ်ခဲ့ပါဘူး ။



လက်ဝှေ့သမားဟောင်း စတီးကုမ္မဏီလုပ်သား ဒေသခံ R&B တီးဝိုင်းရဲ့ ဂစ်တာသမားဖြစ်သူ ဖခင် နဲ့  မိခင်တိုက Michael တို မောင်နှမ ၉ ယောက်ကို ရုပ်ဝတ္ထုပစ္စည်းတွေထက် အနုပညာ အမွေကိုပေးနိုင်ခဲ့ခြင်းဟာ မောင်နှမတွေအားလုံးအတွက်တော့ ဘုရားပေးတဲ့လက်ဆောင်တွေလိုပါပဲ ။ ကျွန်တော်တိုကို Michael Jackson လိုပြောလိုက်တာနဲ့ တွဲမြင်မိတာက ညီမဖြစ်သူ Janet Jackson ဆိုပေမယ့် ကျန်မောင်နှမ ၇ ယောက်လုံးဟာလည်း သူ့ထက်သူလူစွမ်းကောင်းပြောရလောက်အောင် လက်စွမ်းထက်သူ နာမည်ကျော် အနုပညာရှင်ပါပဲ ။ ပြောချင်တာက ဒီလို ဂီတအနုပညာ ဇ မသေးတဲ့ မိသားစုမှာ ဂီတနဲ့ပတ်သက်ရင် သင်ယူလေ့လာစရာ အများကြီးရှိနိုင်သလို အသုံးမကျရင် ဆူမယ့်ဆဲမယ့်ထုမယ့်နှက်မယ့် သူတွေချည်းပဲနေမှာပါပဲ ။ အထူးသဖြင့်တော့ သူတိုဖခင်ကြီး Joe ပေါ့ ။ မောင်နှမတွေ သီချင်းဆို ရီဟာဆယ်လုပ်နေတဲ့ အချိန်တွေ မကြာမကြာ ကုလားထိုင်မှာထိုင်ပြီး လက်တစ်ဖက်က ခါးပတ်ကိုကိုင်ပြီး နားထောင်နေတတ်ပါသတဲ့ ။ တော်ရင် တစ်မှတ် ညံ့ရင် ခါးပတ် ဆိုတဲ့သဘောပါပဲ ။ အပြစ်ဒဏ်အခံရဆုံးကတော့ Michael ပဲထင်ပါရဲ့ ။ သူ့ငယ်ဘဝ ဟာ ဖခင်ဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဖိနှိပ်မှူတွေ ခံခဲ့ရတဲ့အပြင် အထီးကျန်မှူ နဲ့ ခွဲခြားဆက်ဆံခံရမှူတွေ ရှိခဲ့တယ်လို တချိန်မှာ ထုတ်ပြောရတဲ့အထိ Michael ရုန်းကန်ခဲ့ရပုံပါပဲ ။ Michael တို ညီအကိုမောင်နှမတွေ အနုပညာအကြောင်းကိုသိချင်သူတွေကတော့ သူတိုရဲ့ band လေးဖြစ်တဲ့ The Jackson Five ( The Jackson ) ရဲ့အကြောင်းကိုရှာဖွေလေ့လာနိုင်ပါတယ် ။



Michael ရဲ့ ရုန်းကန်ကြိုးစားခက်ခဲမှူတွေကို highlights ဖြစ်စေချင်လို အားလုံးသိပြီးသားလိုဖြစ်တဲ့ Michael ရဲ့အောင်မြင်မှူတွေ အကြောင်းကိုတော့ အနည်းငယ်ပဲဖော်ပြပါရစေ ။



အဲဒီလို မောင်နှမတွေနဲ့ ဂီတ ဘဝကိုစခဲ့တဲ့ Michael ဟာ အတော်ဆုံး ၊ အကောင်းဆုံးဆိုတဲ့ ဆုတွေ အောင်မြင်မှူတွေ ရခဲ့သလို တစ်ဖက်မှာလည်း ထမင်းစားရေသောက်ကအစ သတင်းဆိုး၊သတင်းကောင်း ဒွန်တွဲပေါ်ထွက်တတ်တဲ့ ကမ္ဘာကျော် စလဘရတီဘဝကို ဘဝတစ်လျှောက်လုံးလိုလို ခံလာခဲ့ရသူဖြစ်ပါတယ် ။ ၁၉၇၉ ခုနှစ်မှာ မတော်တဆ နှာခေါင်းရိုးကျိုးရာလေးက နေစလိုက်တဲ့ မျက်နှာ နဲ့ ခန္ဓာကိုယ် ခွဲစိတ်ပြုပြင်မှုတွေက ၂၀၀၄/၅ အထိကို ၁၁ ကြိမ်နဲ့အထက်ရှိခဲ့ပြီး သီချင်းမဆို အသစ်မထွက်တဲ့ နှစ်တွေမှာတောင် ပွဲဆူသွားစေလောက်တဲ့ ခေါင်းစီးသီတင်းတွေမှာ Michael ပါဝင်ခဲ့ပါတယ် ။ ဂီတဘုရင်ကြီးတစ်ပါးဖြစ်တဲ့ ပရက်စလေရဲ့ သမီး လီဆာ နဲ့ အိမ်ထောင်ရေး အကွဲ အပြဲတွေ ကအစ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး သတင်းအကောင်းအဆိုး တရားစွဲဆိုမှူတွေ အဆုံး အနှိမ့်အမြင့်အတက်အကျ အစုံနဲ့ ပြောမကုန်အောင်ရှိခဲ့ပါတယ် ။



ဒီလို ဘဝလူနေမှူပြဿနာတွေ လူမှူရေး ပုဂ္ဂိုလ်ရေး အရှုပ်အထွေးတွေ မနည်းမနော ခုချိန်ထိကိုမရှင်းနိုင်အောင်ရှိခဲ့ပေမယ့် ဂီတနဲ့ပတ်သက်ရင်တော့ Michael ကကျွန်တော်တိုကိုဘယ်တော့မှစိတ်မပျက်စေခဲ့ပါဘူး ။ သတင်းဆိုးတွေ နာမည်ထိခိုက်မှူတွေ တရစပ်ရှိနေတဲ့ အချိန်မှာတောင် Michael ဟေ့လိုဆိုလိုက်တာနဲ့ ဖျော်ဖြေပွဲလက်မှတ်ဟာ နာရီပိုင်းအတွင်းရောင်းကုန်သွားတဲ့အထိကို ပရိသတ်အပေါ် ဂီတနဲ့ပတ်သက်လျှင်တော့ လွမ်းမိုးနိုင်ခဲ့သူတစ်ဦး ၊ We are the World လို Heal The World လို အနုပညာတွေကို ချန်ထားခဲ့သူတစ်ဦး ၊ နောက်နှစ်ပေါင်းများစွာအထိကို ကမ္ဘာ့ဂီတက သတိတရရှိနေရမယ့်သူတစ်ဦး ဖြစ်တဲ့ Michael က ၂၀၀၉ ခုနှစ် ဇွန်လ ၂၅ ရက်မှာ ကျွန်တော်တိုကို ထာဝရခွဲခွါသွားခဲ့ပေမယ့် သူချန်ထားခဲ့တဲ့ သူကြိုးစားခဲ့တဲ့ အနုပညာတွေက ကမ္ဘာတည်သရွေ့ဆက်လက်ရှင်သန်နေဦးမှာမို … Michael Jackson ဟာ ကျွန်တော်တိုကို အနိုင်နဲ့ပိုင်းသွားခဲ့သူတစ်ဦး ပါပဲ ။

A Clicker



Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. ဂျက်ဆင်ကို အကြိုက်ဆုံးပဲ သူဆုံးတယ်ကြားတော့ တခါမှ အပြင်မှာမမြင်ဖူးတဲ့ အနုပညာ ပညာရှင်အတွက် ငိုမိတာ ပထမဆုံးပဲ

    ReplyDelete
  3. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  4. နှိပ်ပြီးပါဗြီ....

    ReplyDelete
  5. We shall never surrender 💪💪💪

    ReplyDelete
  6. သူ့ရဲ့ remember the time က ဟိုးငယ်ငယ်လေးကနေ ခုချိန်ထိ မပြောင်းလဲပဲ ကြိုက်ခဲ့တာ။ သီချင်းထက် သူ့ရဲ့ သူများနဲ့မတူအောင် တီထွင်ဖန်တီးနိုင်စွမ်းကို ပိုသဘောကျမိတယ်။

    ReplyDelete
    Replies
    1. ဟုတ်တယ်..သူ့ရဲ့တီထွင်နိုင်စွမ်းကို အရမ်းကြိုက်ခဲ့တာ..လေထဲမှာပျံတာတွေရော...သင်္ချိုင်းကုန်းမှာ သရဲတွေထွက်လာတာရော စုံနေတာပဲ..(အသံလဲကြီုက်ပါတယ်, ထူးခြားတယ်လို့ခံစားမိတာပဲ)

      Delete
    2. black&whiteလေးသူ့သီးချင်းတွေအတော်ကောင်း
      အကလဲသူထွင်တာလားမသိဘူးနော်သူ့သီချင်းခွေကြည့်ရင်အကလဲပါတယ်


      Delete
    3. အဲ့ငီချင်ူနာမည်က Thriller လေ ဟော်လင်းဝင်းနေ့ရောက်တာ တကမ္ဘာလုံးကလူတွေအဲ့သီချင်းနဲ့ကကြတာ

      Delete
    4. သီချင်းနာမည် ပြောပြပေးတဲ့အတွက် ကျေးဇူးပါ..ပြန်ကြည့်ဦးမယ် ခံစားချက်များပြောင်းသွားမလားလို့..

      Delete
  7. We are winner
    Fighting together
    အဆုံးထိတိုက်သွားမယ်💪💪

    ReplyDelete
  8. Thanks a lot admin! ❤❤❤

    ReplyDelete
  9. အဆုံးထိသွားမယ်💪

    ReplyDelete
  10. အရမ်းကြိုက် I like his songs. မိသားစု က လွဲနေတာပေါ့ မိသားစုထဲ ညံ့တဲ့သူက ပေါက် ခဲ့တာပဲ စိတ် ဖိစီး ခဲ့တာ သနားစရာပါ

    ReplyDelete
  11. Every clickers matter
    Every clicks matter
    Don't give up
    Keep Going

    ReplyDelete
  12. ဂျက်ဆင်popဂန်းအန်ရိုဇက်၊rockဗွန်ဂျိုဗွီrock၊မဒက်ရေကာrock
    အဲဒီအဆိုတော်တွေအရင်ကအသေကြိုက်တာ Eလိုမပေါင်းတတ်တော့လို့
    လေးဖြူထွဏ်းထွဏ်းဇော်ဝင်းထွဋ်တို့copyဆိုတာလေ

    ReplyDelete
    Replies
    1. Guns'n Roses, Bon jovi တို့ကိုသိပေမဲ့ မဒက်ရေကာ ကိုတော့သိဘူး..(Madagascar ပဲသိတယ်😁) ထွဏ်းထွဏ်းက Michael learns ကို ကော်ပီတာများသလားလို့..Mr.Big လဲကြိုက်တယ် (အဲခေတ်အနေနဲ့ဆို Eric ကတော်တော်ချောမှာပဲ, အဟိ)

      Delete
  13. When we own our stories, we get to write a brave new ending.


    Stop Dreaming
    Start Doing
    The Victory Is Coming.


    ReplyDelete
  14. အခု မြန်မာပြည်က Gen Z တွေက ဂျက်ဆင်လိုပဲ
    ကမ္ဘာကျော်မှာပါဗျာ

    ReplyDelete
  15. တိုက်ပွဲတိုင်းအောင်မြင်ပါစေ တိုက်ပွဲဂင်နေတဲ့သူမြန်မာပြည်သူပြည်သားများ

    ReplyDelete
  16. မိုက်ကယ် ဂျက်ဆင်က ကလေးဘဝရဲ့ Hero ပါ။

    ReplyDelete
  17. စင်ဂယ်လေးclickနေသည်🌚

    ReplyDelete
  18. 2004မှာဆုံးတယ်ထင်တယ်

    ReplyDelete
  19. Done
    အောင်ရမည် နိုင်ရမည်
    တို့တွေရဲ့ နွေဦးတော်လှန်ရေး

    ReplyDelete
  20. လေးစားနှစ်သက်ခဲ့ရတဲ့ 💓

    ReplyDelete
  21. ငယ်ငယ်က သိပ်ကြိုက်ခဲ့

    ReplyDelete
  22. The more we click,the more we support and the more we close to victory.

    ReplyDelete
  23. Thanks
    💪💪💪💪💪💪💪

    ReplyDelete
  24. စိတ်ပျော်လည်း Click
    စိတ်မပျော်လည်း Click
    Click လို့ရတုန်း Click

    ReplyDelete
  25. Inspiring post. We will win💪💪

    ReplyDelete
  26. Heal the world, make it a better place, for you and for me and entire human race, there are people dying, if you care enough for the living, make a better place for you and for me...

    ReplyDelete
  27. We are the world
    ကြိုက်တယ် အဆိုတော်အများကြီးဆိုတာပဲကြည့်ဖူးတာ သူ့သီချင်းမှန်းမသိခဲ့ဘူး

    ReplyDelete
  28. ကြိုးစားရုန်းကန်ရမယ်လေ

    ReplyDelete
  29. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete
  30. Heal the world ကြိုက်တယ်

    ReplyDelete
  31. မအလလဲကမ္ဘာကျော်လူယုတ်မာစာရင်းဝင်သွားပါပြီ

    ReplyDelete
  32. Thanks PDF2YOU
    Fighting 💪🏻💪🏻💪🏻 We Must Win

    ReplyDelete
  33. အခုပဲ Billie jaensသီ
    ချင်းကိုနားထောင်ရင်းတွေးနေတာတိုက်တိုက်ဆိုင်ဆိုင်ပဲ

    ReplyDelete
  34. I love Michael and thank you for your information

    ReplyDelete
  35. MJ is my favorite singer all the time.

    ReplyDelete
  36. ❤️❤️❤️

    ReplyDelete
  37. Micheal ရေ အနုပညာတေအတွက် ကျေးဇူးတင်ပါတယ်

    ReplyDelete
  38. တကယ်တော်တဲ့လူ

    ReplyDelete
  39. He is one of my favourite person.

    ReplyDelete
  40. ဆင်ဂယ်လေးကလစ်နေသည်(ဆင်ဂယ်လေးကလစ်နေသည်2)

    ReplyDelete
  41. Very big dream Guy, Michael Jackson

    ReplyDelete

Post a Comment