စိတ်ဖိစီးမှုတွေကို ဘယ်လိုကျော်လွှားမလဲ
စိတ်ဖိစီးမှုတွေကို ဘယ်လိုကျော်လွှားမလဲ
စိတ်ဖိစီးမှုဆိုတာ မျှော်မှန်းထားတာနဲ့ လက်တွေ့ဖြစ်လာတာနှစ်ခုကြားက ခြားနားချက် တဲ့
Stress = Expectation – Experience
လူနာကို ဒီဆေး ပေးလိုက်ရင် သက်သာသွားမယ် မှန်းထားတယ်၊ ဒါပေမဲ့ ထင်သလို ဖြစ်မလာဘူး။
ဒီလုပ်ငန်း လုပ်လိုက်ရင် အောင်မြင်မယ် ထင်ထားတယ်၊ ဒါပေမဲ့ ရှုံးသွားတယ်။
ဒီအလုပ်၊ ဒီရာထူးကို ရလိုက်ရင်တော့ အဆင်ပြေသွားမှာပဲ ထင်ခဲ့တယ်၊ လက်တွေ့ကျတော့ အခက်အခဲတွေ အများကြီး ကြုံလာရတယ်။
အဲဒီလို ကိုယ်မျှော်လင့်ထားတဲ့အတိုင်း လက်တွေ့ ဖြစ်မလာတဲ့အခါမှာ စိတ်ဖိစီးမှုတွေ ခံစားလာရပါတယ်။
တကယ်တော့ သေချာတွေးကြည့်ရင် စိတ်ဖိစီးမှုဆိုတာ တိုးတက်ချင်တဲ့သူတိုင်း မလွဲမသွေ ကြုံရမဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ တာဝန်ကြီးကြီး ယူထားရလေလေ၊ စိတ်ဖိစီးမှုကလည်း များလေလေပါပဲ။
လွယ်လွယ်လေးပဲ ကြည့်ကြည့်ပါ၊ အနှေးယာဉ်မောင်းတဲ့သူ၊ ကားမောင်းတဲ့သူ၊ လေယာဉ်မောင်းတဲ့သူ၊ ကျွမ်းကျင်မှုချင်း၊ တာဝန်ယူထားရတာချင်း ကွဲပြားသလို စိတ်ဖိစီးမှုချင်းလည်း မတူကြပါဘူး၊ ဒီတော့ ဝင်ငွေချင်းလည်း ကွာကြပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ မကြုံချင်ဘူးဆိုရင် လွယ်ပါတယ်၊ ဘဝကို ခပ်နိမ့်နိမ့်ပဲ ဖြတ်သန်းလိုက်ပါ။ အောင်မြင်ချင်တဲ့ သူတွေအတွက်တော့ စိတ်ဖိစီးစရာ အခြေအနေတွေဆိုတာ မဖြစ်မနေ တက်ရမဲ့ လှေကားတစ်စင်းလိုပါပဲ။ ရှောင်ရှားလို့ မရပါဘူး။
ကျွန်တော်တို့အလုပ်မှာ သွက်သွက်လက်လက်နဲ့ အလုပ်လုပ်တတ်တဲ့သူတွေ ရှိတယ်၊ သူ့ကို တော်လို့ ဆိုပြီး လူကြီးတွေက ရာထူးတိုးပေးလိုက်တယ်၊ အရင်က သူနဲ့တန်းတူ အလုပ်လုပ်ခဲ့တဲ့သူတွေကို အခု ပြန်ပြီး ဦးဆောင်ရတဲ့အခါ၊ စီမံခန့်ခွဲရတဲ့အခါ သူ့အတွက် စိတ်ဖိစီးစရာ ဖြစ်လာတယ်။ နောက်ဆုံး အဲဒီဒဏ်ကို မခံနိုင်တော့တဲ့အခါ အလုပ်ထွက်သွားကြတယ်။ သူကိုယ်တိုင် တိုးတက်ချင်စိတ်အပြည့်နဲ့ လိုလိုချင်ချင် လျှောက်ခဲ့တဲ့ အလုပ်တစ်ခု၊ လူကြီးတွေကလည်း ယုံယုံကြည်ကြည်နဲ့ ပေးခဲ့တဲ့ အခွင့်အရေးတစ်ခုဟာ စိတ်ဖိစီးမှုကို မခံနိုင်တဲ့အတွက်ကြောင့် သူ့အတွက် အလုပ်တစ်ခုဆုံးရှုံးဖို့ လမ်းစလို ဖြစ်လာခဲ့ရတယ်။
ဒါဖြင့် ဒီလိုရှောင်ရှားလို့ မရတဲ့ စိတ်ဖိစီးစရာတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ။
နံပါတ် ၁ အနေနဲ့ဆိုရင်တော့ အကောင်းဘက်က မြင်ပေးပါ။
အဆိုးမြင်တတ်တဲ့သူတွေဟာ ရလာသမျှ အခွင့်အလမ်းတိုင်းကို အခက်အခဲလို့ မြင်တယ်။ အကောင်းမြင်တတ်တဲ့သူကတော့ ကြုံလာသမျှ အခက်အခဲတိုင်းကို အခွင့်အလမ်းလို့ မြင်ပါတယ်။
အလုပ်မှာ ဆက်ဆံရသိပ်ခက်တဲ့လူနဲ့ တွဲလုပ်နေရတာကို စိတ်ညစ်တယ်။ အမှန်တော့ အဲဒါ စိတ်ညစ်စရာ မဟုတ်ပါဘူး။ သူ့ကိုတောင် ငါ control မလုပ်နိုင်ရင် ဒီထက် ပိုခက်ခဲတဲ့သူတွေနဲ့ဆို ငါ ဘယ်လိုလုပ်မလဲလို့ တွေးကြည့်လိုက်ပါ။ ဘဝမှာ အခက်အခဲတွေနဲ့ ကြုံလာတိုင်း လက်လျှော့အရှုံးပေးမလိုက်ပါနဲ့။ ၉ တန်းအောင်ပြီးမှ ၁၀ တန်းတက်လို့ ရပါတယ်။ ၉ တန်းက ခက်လို့ ခဏနေဦး၊ ၁၀တန်းအရင်တက်မယ် လုပ်လို့မရပါဘူး။ လူငယ်ဘဝ၊ ဝန်ထမ်းငယ်ဘဝ၊ ကျောင်းသားဘဝမှာ အောက်သက်ကြေခဲ့မှ ဒီထက် အဆင့်မြင့်တဲ့ နေရာတွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဖိအားတွေ၊ စိန်ခေါ်မှုတွေ ကြောက်မနေကြဖို့ လိုပါတယ်။ အမှန်က ကြောက်စရာ မလိုတဲ့အပြင် မကြုံရဘူး ဆိုရင်တောင် အတင်းမရမက လိုက်ရှာနေရမှာဖြစ်ပါတယ်။ အသက်သာ ကြီးလာတယ်၊ ရင့်ကျက်မှုနဲ့ အတွေ့အကြုံက လိုက်တက်မလာဘူး ဆိုရင် ကိုယ့်အတွက် အချိန်တွေ နှမြောစရာ သိပ်ကောင်းပါတယ်။
နံပါတ် ၂ – ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာလေး သတိရပေးပါ။
ကျွန်တော်တို့က လုပ်ငန်းအရှုံးပေါ်လို့ စိတ်ညစ်နေတဲ့အချိန် ထမင်းတောင်ပ်မှန်အောင် မစားရတဲ့သူတွေ ရှိနေပါသေးတယ်။ ကျွန်တော်တို့က အနာဂတ်တွေ ဝေ၀ါးနေတယ်လို့ ညည်းနေတဲ့အချိန်မှာ မနက်ဖြန်ဆိုတာတောင် မသေချာသေးတဲ့သူတွေ အများကြီးပါ။ ရည်းစားနဲ့ ပြတ်လို့ စိတ်ညစ်မိတော့မယ်ဆို မွေးကတည်းက ချစ်ခြင်းမေတ္တာ ဆိုတာကို မိဘဆီကတောင် မရခဲ့ရှာတဲ့ မိဘမဲ့ကလေးတွေကိုလည်း အားနာပေးပါဦး။ ကိုယ့်ကိုယ်ကိုယ်ပဲ ဗဟိုပြု စဉ်းစားနေမိတဲ့အခါ ကိုယ့်ပြဿနာတစ်ခုကိုပဲ ကမ္ဘာကြီးလောက် ထင်နေတတ်ကြတယ်။ အဲဒီအခါ ပိုပြီး စိတ်ညစ်ရပါတယ်။
နံပါတ် ၃ – ပြဿနာနဲ့ခပ်ဝေးဝေးနေပါ။
ပြဿနာတစ်ခုကို ရှင်းရတာထက် နဂိုကတည်းက မဖြစ်အောင် နေတာက ပိုကောင်းတယ်ဆိုတဲ့ သဘောပါ။ လောင်းကစား လုပ်မိလို့ ရှုံးတယ်၊ စိတ်ညစ်ရတယ်။ ရည်းစားနဲ့ အတူနေရင်း ကိုယ်ဝန် ရသွားတယ်၊ သတ်သေချင်စိတ်တွေ ဖြစ်မိတယ်။ ဒါတွေဟာ မမျှော်လင့်ဘဲ ပေါ်လာတဲ့ကိစ္စတွေ မဟုတ်ပါဘူး၊ ကိုယ့်ရေဲ့ ရွးချယ်မှုမှားယွင်းခဲ့လို့ ဖြစ်ရတာပါ။ ဒါကြောင့် ဒီလိုကိစ္စတွေအတွက် စိတ်မညစ်ချင်ဘူးဆို အစကတည်းက ရှောင်ကြဉ်နိုင်ကြဖို့ လိုပါတယ်။
နံပါတ် ၄ – နောက်ထပ်အကောင်းဆုံးလမ်းကို ရွေးတတ်ပါစေ။
တကယ်တော့ ဒီလိုစာလေးရေးရတာ လွယ်ပါတယ်၊ လက်တွေ့သာ ခက်တာပါ။ တချို့သော လူတွေဟာ ဆက်ဆံရ သိပ်ခက်ပါတယ်။ အဲဒီလို ဘယ်လိုမှကို ဆက်လျှောက်လို့ မရနိုင်တော့တဲ့လမ်း ဖြစ်နေတယ် ဆိုရင်တော့ နောက်ထပ်အကောင်းဆုံးလမ်းတစ်ခုကို ရွေးချယ်တတ်ကြဖို့ လိုပါတယ်။

ပုံပြင်လေးတစ်ပုဒ် ကြားဖူးပါတယ်။
တစ်ခါက အာလူးကုန်သည်တစ်ယောက် ရှိတယ်။ သူက သူ့ခြံထဲက အာလူးတွေကို မြို့တက် ရောင်းတော့မယ်ဆိုရင် သူများတွေလို အကြီး အလတ် အသေး ခွဲမနေဘူး၊ လှည်းကြီးတစ်စီးထဲ အကုန် ပြုံထည့်သွားတယ်။ ပြီးရင် တအားကို ကြမ်းတမ်းတယ်၊ ချိုင့်တွေ၊ ခွက်တွေ ပေါပါတယ် ဆိုတဲ့ လမ်းကို ဖြတ်ပြီး တွန်းသွားတယ်။ လမ်းက ကြမ်းတော့ လှည်းက ခုန်တယ်။ အဲဒီမှာ သေးတဲ့ အာလူးတွေက တဖြည်းဖြည်း အောက်ကို ကျကျသွားပြီးတော့ အလတ်စား အာလူးတွေက အလယ်မှာ ကျန်ခဲ့တယ်။ အကြီးစား အာလူးတွေကတော့ အပေါ်ဆုံးမှာ ကျန်နေခဲ့တယ်။ အဲဒါနဲ့ မြို့ကိုလည်း ရောက်ရော အပေါ်ဆုံးက အာလူးတွေကို ဈေးကြီးကြီးနဲ့ ရောင်း၊ အလယ်က အာလူးတွေကို ဈေးသင့်သင့်၊ အောက်ဆုံးက အာလူးတွေကိုတော့ ဈေးပေါပေါနဲ့ ရောင်းခဲ့လိုက်တော့တာပဲ တဲ့။
ဘဝဆိုတာလည်း အဲဒီလို လမ်းကြမ်းကြမ်းကို ဖြတ်သွားရတာနဲ့ အတူတူပါပဲ။ အဲဒီအခါမှာ စိတ်ဖိစီးစရာတွေ၊ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေကို ဘယ်လောက်ထိ ရင်ဆိုင်ကျော်လွှားနိုင်သလဲ ဆိုတာက အရေးကြီးလာပါတယ်။ မကျော်လွှားနိုင်တဲ့သူကတော့ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ အောက်ကို ရောက်ရောက်သွားမှာ ဖြစ်ပြီးတော့ ရင်ဆိုင်နိုင်တဲ့သူတွေသာ အပေါ်မှာ ကျန်နေခဲ့မှာ ဖြစ်ပါတယ်။
ချားလ်စ်ဒါဝင်ရဲ့ စကား ယူသုံးရရင်တော့ Survival of the fittest ပါပဲ။ ဒီလို ရှောင်လွှဲလို့မရတဲ့ စိတ်ဖိစီးစရာတွေကြားထဲမှာ အကောင်းဆုံး ကြံ့ကြံ့ခံနိုင်တဲ့သူကပဲ နောက်ဆုံးမှာ ရှင်သန်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၈.၃.၂၀၁၆

1st com
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
🍀🍀🍀🍀🍀
DeleteDone with ❤️🥰.
ReplyDelete😍
ReplyDelete😘😘
ReplyDeleteWe click,we fight, we win
ReplyDeleteတကယ် အားဖစ်စေတဲ့ စာတွေပါ
ReplyDeleteYes
DeleteThanks 💪💪💪
ReplyDeleteThanks 💪💪💪
Deleteပို့သမေတ္တာ တံတိုင်းပမာ
ReplyDeletePDFတွေ ဘေးရန်ကာပါစေ
🤍🤍🤍
ReplyDeleteFIGHT FOR FREEDOM ÖK
ReplyDeleteOk,Thanks.👍👍👍
ReplyDeleteWe shall never surrender 💪💪💪
ReplyDeleteတော်ယုံတန်ယုံ စိတ်ဖိစီးမှု သိပ်ရှိတဲ့ သူမဟုတ်ဘူး၊ Nitric Acid အဖမ်းခံရတယ်ဆိုတဲ့ နေ့ကတော့ တော်တော်တင်းပြီး တော်တော် စိတ်ဓာတ်ကျတယ်။
ReplyDeleteတူတူပဲ..သူ့အရင် ကိုဂျင်မီအဖမ်းခံရတုန်းကရောပဲ...(ဘမ တွေရပ်ကွက်မှာ မိတာတော်တော်ကြေကွဲတယ်, အန္တရာယ်အကြီးဆုံးနေရာက အလုံခြုံဆုံးလို့ထင်ခဲ့လို့လားမသိဘူး, ကိုယ့်မှန်းဆချက်ပါ..စခတွေက သူတို့အလုပ် လုပ်နေတယ်ဆိုတာတော့ငြင်းမရဘူး)
Deleteဒီကာလမှာကိုယ့်အတွက်ကလုံးဝစိတ်မဖိစီးဘူး။
Deleteကူစရာရှိတာကူရင်းဖမ်းခံထိမှာလည်းတွေးကြောက်ပူ
နေတာမျိုးမရှိဘူး
ဒါပေမဲ့ PDFတွေဖမ်းခံထိတာ၊ကျရှုံးတာတွေများရှိရင်
စိတ်ကဖိစီးပြီး နာကျင်ရတယ် ရင်ဘတ်စူးပြီးကျောတွေပါအောင့်တယ်။အထိအခိုက်မရှိအောင်ပွဲတွေရပါစေ
လို့လည်း မပြည့်မှန်းသိပေမဲ့ဆုတောင်းနေမိတာပါပဲ
စခတွေက သေချာလေ့ကျင့်ပေးထားတာ ထောက်လှမ်းရေးက။သူတို့ကို လျှော့တွက်လို့မရဘူး။ ရန်သူကို လျှော့တွက်ရင်တော့ ခံရမယ်။
Delete😎😎😎
ReplyDeletegood!❤❤❤
ReplyDeletePPM
ReplyDelete❤️👍
ReplyDeleteBibia be ye ye
ReplyDeleteEvery clickers matter
ReplyDeleteEvery clicks matter
Don't give up
Keep Going
လောဂျစ်တွေက ဘဝမှာ အမြဲ မှန် မနေဘူး
ReplyDeleteဟုတ်ပ...logic မှာတောင် 1, 0 နဲ့ true, false ရှိသေးတာကို
Deleteစာတွေက နေ့စွဲ ဟောင်းနေတာ ပိုက်ဆံ ရသလား
ReplyDeleteDone
ReplyDeleteပျော်ရွှင်မူ လိုပဲ ကလစ်ကြပါမယ်
ReplyDeleteWe must win!
ReplyDelete👍👍👍
ReplyDeleteတော်ပါပြီ☺️
ReplyDeleteRight
ReplyDeleteDone
ReplyDeleteSo Good Knowledge...✊💪🙏❤
ReplyDeleteအရမ်းကို ဗဟုသုတ ဖြစ်စေတဲ့
ReplyDeleteတကယ်ကျင့် သုံးထိုက်တဲ့
စကားတေပါ👍👏
အရေးတော်ပုံအောင်ရမည်💪
I get motivation
ReplyDelete👍👍👍
ReplyDeleteအရမ်းကောင်းတဲ့ဆောင်းပါးလေးပါ ကြိုက်ပါတယ်
ReplyDeletenotice🍅
ReplyDelete
ReplyDeleteI feels comfortable, I'm living within my comfort zone. I always try to be a good happy girl, peace of mind and stability...💛...💛
👊👊👊
ReplyDeleteSo smart
ReplyDeleteḌôñë
ReplyDelete💪💪
ReplyDeletelets fight together
ReplyDeleteSurvival of fitnest.
ReplyDeleteGood
ReplyDeleteDone for today
ReplyDeleteအရေးတော်ပုံပြီး မြန်မြန်အောင်ပြီး
ReplyDeleteစိတ်ဖိစီးမှုတွေ လျော့ချင်ပြီ..😾
We must win 🍀
ReplyDeleteDone
ReplyDeleteမသိလို့ကြည့်လိုက်တာနဲ့ကလစ်ပြီးဖြစ်တာလားဗျ
ReplyDeleteThanks for sharing ❤️❤️
DeleteThanks for knowldge
ReplyDeleteNoted thanks
ReplyDeleteThanks 🧡
ReplyDeleteဟုတ်တယ်ဗျာ
ReplyDeleteမအလ မသေမချင်း စိတ်ဖီးစီးမှု မလျော့ပြစ်ဖူး😡
ReplyDeleteGood.
ReplyDeleteThanks a lot
ReplyDeleteWe must win
Done
ReplyDeleteGood job
ReplyDeleteDone
ReplyDelete❤️
ReplyDeletethanks all clickers
ReplyDeleteI like this
ReplyDelete💪💪💪
ReplyDeleteNow I have under alot of pressure
ReplyDeleteGood advice
ReplyDeleteAwesome.
ReplyDeleteThanks you
ReplyDeleteDone 💪💪✊❤️
ReplyDeleteGood post
ReplyDeleteစိတ်ဖိစီးမှုဖြစ်နေရင် တရားမှတ် 😍
ReplyDeleteThe more we click,the more we support and the more we close to victory.
ReplyDeletesurvival of the fittest
ReplyDeleteThanks
ReplyDeleteWe click we fight & WE WIN
ReplyDeleteThank
ReplyDeleteExpectation မျှော်လင့်ချက်
ReplyDeleteကြိုးစားနေရဆဲပါ
ReplyDeleteThank you for very helpful tips. We will win
ReplyDeleteThanks
ReplyDeleteThanks🙏
ReplyDeleteစိတ်ပျော်လည်း click
ReplyDeleteစိတ်မပျော်လည်း Clivk
Click လို့ရတုန်း Click
like
ReplyDeleteNice 👍👍👍
ReplyDelete1 2 3 4 Good blog
ReplyDeleteGood
ReplyDeletegood
ReplyDeleteအခုပဲစိတ်ဖိစီးမူကြောင့်အလုပ်ထွက်ခဲ့တာ အထက်နဲ့အောက်ကြားက အလယ်တန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ မတူညီတဲ့စစ်မျက်နှာပြင်နှစ်ခုကြား ကြားညှပ်ပြီး စိတ်ဖိစီးမူကိုမထိန်းနိုင်လို့ အလုပ်ထွက်ဖြစ်သွားတယ်
ReplyDelete💪💪
ReplyDelete👍👍👍
ReplyDeleteI love it..
ReplyDeleteGood idea
ReplyDeleteကလစ္
ReplyDeleteကောင်း
ReplyDeletegood
ReplyDeleteစိတ်ခွန်အားတွေပြန်ရပါတယ်
ReplyDeleteThanks sir👍
ReplyDeleteThanks
ReplyDeleteyes
ReplyDeleteDone ✅✅✅
Delete💪💪💪
ReplyDelete😘😘😘nice
ReplyDelete🤗🤗🤗
ReplyDelete💙💙💙
ReplyDeleteGreat
ReplyDeleteထွက်ပေါက်တော့ရှာရမယ်လေ
ReplyDeletePDF ဘေးကင်းကြပါစေ
ReplyDeleteတိုက်ပွဲတိုင်းနိူင်ပါစေ
မှ TT
PDFတွေ ဘေးကင်းကြပါစေ
ReplyDeleteတိုက်ပွဲတိုင်းနိူင်ပါစေ
မှ TT
Like
ReplyDeleteေကာင်းလိုက်တာ
ReplyDeleteDone
ReplyDeleteYes
ReplyDeleteပြည်သူ့ POWER
ReplyDeleteDone
ReplyDeleteThanks
ReplyDeleteThanks.
ReplyDeleteမနေ့က ညီနောင်ကနေ ကားလိုက်စီးတဲ့pdf ဘားအံမှာ အဖမ်းခံရတယ် ခုတလော လူတွေ အရမ်းစစ်နေလို့ ဖုန်းထဲမှာ သက်သေမချန်ပါနဲ့ ဂရုစိုက်ကြပါ
ReplyDeleteI can do this
ReplyDeleteThanks
ReplyDeleteI will try I can
ReplyDeleteThanks
ReplyDelete🚣🚣🚣
Good
ReplyDeleteThanks a lot
ReplyDeleteThank you.
ReplyDelete������
ReplyDeleteThanks
ReplyDeleteDone
ReplyDeleteNever surrender
ReplyDeleteDone💪
ReplyDeletenice
ReplyDeleteThanks PDF2YOU
ReplyDelete😇😇😇
ReplyDelete💜
ReplyDeleteနေဝင်ညကိုကူးဖြတ်ရဲမှရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်
ReplyDeleteThanks for know
ReplyDeleteWe are winner
ReplyDeleteFighting together
အဆုံးထိတိုက်သွားမယ်💪💪
မှန်၏
ReplyDeleteGood, thanks .
ReplyDeleteတရားထိုင်ပါ။
ReplyDelete😍😍😍
ReplyDelete💓
ReplyDeleteနှိပ်ပြီးပါဗြီ.....
ReplyDeleteDone
ReplyDeleteThank you pr po P kyo srr pa ml
ReplyDeleteThanks for everything our precious pdfs.We would never forget your sacrifice.
ReplyDeleteDone
ReplyDeleteVery
ReplyDeleteThe end. Thanks.
ReplyDeleteThank
ReplyDeleteDone
ReplyDelete��
ReplyDelete😍😍
ReplyDeleteI have so much stress but now i know how to move on thanks.
ReplyDeleteDone
ReplyDelete❤️❤️😘
ReplyDeleteStress
ReplyDeleteThank alot
ReplyDeleteTha ks
ReplyDeleteDONE
ReplyDeleteThanks
ReplyDelete��
ReplyDelete😍😍
ReplyDeleteစိတ်ခွန်အားကိုဖြစ်စေပါတယ်
ReplyDeleteyeah
ReplyDeleteThank for sharing
ReplyDeleteThank you,Dr.Phio Thiha
ReplyDeleteDone
ReplyDeleteတရားထိုင်
ReplyDelete��
ReplyDeletethank
ReplyDeleteDone♥️♥️
ReplyDeleteWell
ReplyDeleteGood job👍👍
ReplyDeleteGood knowledge
ReplyDeleteFight together, win together
ReplyDeleteGreat words
ReplyDeleteGood to know.
ReplyDeleteNice article
ReplyDeleteDone 👍👍👍
ReplyDeleteGood
ReplyDeleteDone
ReplyDeleteIlikeit
ReplyDeleteHi! Watashiwa Miao Miao desu.
ReplyDeleteI like
ReplyDeleteWe must win
ReplyDeleteDone
ReplyDeleteGood
ReplyDeleteGood Post
ReplyDeletedone
ReplyDeleteInteresting
ReplyDeleteThank
ReplyDeleteyes sir,
ReplyDeletethanks for your motivation
like
ReplyDeleteYes, never give up
ReplyDelete