ခံယူချက်နဲ့ စိတ်ဓါတ်အရည်အသွေး



ခံယူချက်နဲ့ စိတ်ဓါတ်အရည်အသွေး

တအားကို မှောင်မည်းနေတဲ့ လမိုက်ညတစ်ညရဲ့ သန်းခေါင်ယံအချိန်၊ ခြံကျယ်ကြီးတစ်ခြံထဲက နှစ်ထပ်အိမ်ကြီးရဲ့ အပေါ်ထပ်မှာ လူ ၃ ယောက် အိပ်နေကြတယ်။ အဲဒီအချိန်မှာ အောက်ထပ်ကနေ ကျွီ ဆိုပြီး တံခါးပွင့်လာတဲ့ အသံကို သူတို့ ၃ ယောက်လုံး ပြိုင်တူကြားလိုက်ကြရတယ်။ သရဲ သိပ်ကြောက်တဲ့သူက သရဲ သရဲ သရဲ ဆိုပြီး အော်ဟစ်လို့ ခေါင်းမြီးခြုံနေလိုက်သတဲ့။ သရဲကို မယုံ၊ ဒါ သူခိုးဝင်တာပဲ ဖြစ်ရမယ်လို့ ထင်တဲ့ နောက်တစ်ယောက်ကတော့ တွေ့တဲ့ပစ္စည်း ကောက်ကိုင်ပြီး အောက်ထပ်ကို ဆင်းချသွားလေရဲ့။ သရဲလည်း မသိ၊ သူခိုးလည်း ဂရုမစိုက်တဲ့ နောက်ဆုံး တစ်ယောက်ကတော့ တုတ်တုတ်မျှမလှုပ်၊ ဆက်အိပ်နေလိုက်တယ်။



ဒီဖြစ်စဉ်ကိုကြည့်ရင် ကျွီ ဆိုတဲ့ အသံလေးက လှုံ့ဆော်လိုက်တာချင်းတော့ တူတယ်၊ ဒါပေမဲ့ သူတို့တစ်ယောက်ချင်းစီရဲ့ ခံယူချက်ပေါ်မူတည်ပြီး သူတို့ရဲ့ တုံ့ပြန်ပုံကွာသွားတာကို တွေ့ရပါလိမ့်မယ်။
စာသင်ပေးလိုက်တဲ့ ဆရာ၊ ဆုံးမလိုက်တဲ့ ဆရာကတော့ အတူတူပါပဲ၊ ဒီစကားတွေပဲ ပြောပြလိုက်တာပဲ၊ ဒါပေမဲ့ ခံယူချက်ချင်း မတူကြတော့ တချို့က ဆရာထက်တောင် တော်သွားကြတယ်၊ တချို့ကတော့ သိပ်ညံ့တဲ့ တပည့်တွေ ဖြစ်သွားကြတယ်။
အခက်အခဲ ဆိုတာ စိတ်ညစ်စရာအဖြစ် ဝေးဝေးက ရှောင်ချင်တဲ့သူက အသက်ကြီးလို့သာ လူကြီးဖြစ်သွားရုံ ရှိနေချိန်မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေဆိုတာ ကိုယ့်ရဲ့တိမ်မြုပ်နေတဲ့ အရည်အသွေးတွေ ပေါ်လာဖို့အတွက် အခွင့်အလမ်းပဲ လို့ ခံယူပြီး တက်တက်ကြွကြွ ရင်ဆိုင်ကျော်လွှားလိုက်တဲ့သူက ဘဝမှာ အများလေးစားရသူအဖြစ် အောင်မြင်လာတယ်။



ဆင်းရဲကြပ်တည်းတဲ့ မိသားစုက ပေါက်ဖွားလာတာချင်း တူပေမဲ့ တစ်ယောက်က ဒါကို စိတ်ညစ်စရာလို့ မြင်ပြီး စိတ်ထွက်ပေါက်ပေးရင်းနဲ့ လူဆိုးလူမိုက်စာရင်းဝင် ဖြစ်သွားတယ်၊ နောက်တစ်ယောက်ကတော့ ငါ ဒီအခြေအနေအဆိုးကနေ လွတ်မြောက်ဖို့ ပညာမှတစ်ပါး တခြားလမ်းမရှိဘူးလို့ ခံယူပြီး ကြိုးစားလိုက်တာ ပါမောက္ခကြီးတွေ ပညာတတ်ကြီးတွေ သူဌေးကြီးတွေ ဖြစ်လာကြတယ်။
တကယ်တော့ ကျွန်တော်တို့ဟာ ဖြစ်ပေါ်လာတဲ့အရာတွေကို ရွေးချယ်လို့ မရပါဘူး၊ ကျွန်တော်တို့ ရွေးချယ်လို့ ရတာက အဲဒီအဖြစ်အပျက်တွေ အကြောင်းအရာတွေကို ဘယ်လိုခံယူချက်မျိုး ထားပြီး တုံ့ပြန်မလဲ ဆိုတာပါပဲ။



အားလုံးလည်း သိကြပြီသားပါ၊ ဒီနေ့ခေတ်မှာ ဉာဏ်ရည်ဉာဏ်သွေး (IQ) မြင့်ဖို့ထက် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး (EQ) ကောင်းဖို့က ပိုအရေးကြီးတယ်လို့ ဇောင်းပေးပြောလာကြပါတယ်။ တကယ်လည်း အောင်မြင်သူတွေကို ကြည့်လိုက်ရင် အဲဒီ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အောင်မြင်မှုအတွက် အဓိကကျနေတာကို တွေ့ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ( ၅ )ခု ရှိပါတယ်။



၁။ မိမိကိုယ်ကို သိခြင်း (Self-awareness)

လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်တတ်ပါဘူး၊ ကိစ္စတစ်ခု ဖြစ်လာတိုင်း ကိုယ်သာမှန်တယ် ဆိုတဲ့ အတ္တမျိုး ရှိတတ်ကြပါတယ်။ လူမှုဆက်ဆံရေးမှာတော့ အဲဒီအတ္တဟာ တကယ့်အတားအဆီးပါပဲ။
မြန်မာစကားပုံတစ်ခု ရှိပါတယ်၊ မရှိတာထက် မသိတာခက် ဆိုတာပါ။ တချို့ ငယ်ငယ်က သိပ်ချမ်းသာကြတယ်၊ သုံးချင်တာသုံး မိဘက ခွင့်ပြုထားတယ်။ မိဘတွေ စီးပွါးကျလာတဲ့အချိန် ရောက်နေပေမဲ့လည်း အရင်အတိုင်း ငွေတွေ ဆက်သုံးနေကြတုန်းပဲ။ အထည်ကြီးပျက်လို့ ခေါ်ရမယ် ထင်တယ်။ တကယ်တော့ စီးပွါးပျက်သွားတာ ပြဿနာမဟုတ်ဘူး၊ ကိုယ့်အခြေအနေတောင် ကိုယ်မသိဘဲ အရင်လို အသုုံးအဖြုန်းကြီး အလုပ်မလုပ် အခန့်သား ထိုင်နေသေးတာကမှ တကယ့်ပြဿနာပါ။



မိမိကိုယ်ကို သိခြင်း ဆိုတဲ့အထဲမှာ ကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေကို သိရှိခြင်းဆိုတာလည်း အကြုံးဝင်ပါတယ်။ အဲဒီလို ကိုယ့်ကိုကိုယ် သိမနေတဲ့သူ တစ်ယောက်ဟာ အလုပ်အကိုင် ရွေးချယ်တဲ့အခါ ဒုက္ခရောက်တတ်သလို၊ ကိုယ့်ကုယိ်ကိုယ် ဘာလိုအပ်နေမှန်းမသိတော့ တိုးတက်ဖို့ လမ်းစနဲ့လည်း ဝေးဝေးသွားတတ်ပါတယ်။

၂။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်း (Self-regulation)

အောင်မြင်မှုဆိုတာ မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် ရလာတယ်ရယ်လို့ မရှိပါဘူး။ စနစ်တကျ လေ့ကျင့် တည်ဆောက်ယူရပါတယ်။ ခပ်ငယ်ငယ်မှာ အိပ်ချင်တာ၊ ပျော်ချင်ပါးချင် လည်ချင်ပတ်ချင်တာတွေကို ချုပ်ထိန်းပြီး ဖတ်ရ မှတ်ရ လေ့လာရပါတယ်။ လုပ်ငန်းခွင်ထဲ ရောက်လာတော့ ပရော်ဖက်ရှင်နယ် ပီသအောင် နေထိုင်ရပြန်ပါတယ်။ အဆိုတော်တစ်ယောက်ဟာ အသံကို ဂရုစိုက်ရတယ်။ အိပ်ရေးပျက်ခံလို့ မရဘူး။ စားချင်ရာ လျှောက်စားလို့မဖြစ်ဘူး။ ဘောလုံးသမားတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း လေ့ကျင့်နေရတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်အောင် စားရသောက်ရ နေရထိုင်ရတယ်။ ပိုက်ဆံ မရှိသေးတဲ့ အချိန်မှာ အသစ်အဆန်း လိုချင်တာ၊ သုံးချင်စွဲချင်တာတွေကို ချူပ်တည်းရသလို၊ ပိုက်ဆံတွေ ရလာချိန်မှာ ဒီငွေတွေ ကိုယ့်ကို ဒုက္ခပြန်မပေးနိုင်အောင် အပျော်အပါးနောက် မလိုက်မိအောင် ထိန်းချုပ်ရပြန်ပါသေးတယ်။ ကိုယ့်ကုယိ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့သူဟာ ဘဝမှာ အောင်မြင်လည်း ခဏပါပဲ။



၃။ စိတ်ဓါတ်တက်ကြွခြင်း (Motivation)

Motivation = A passion to work for the reasons that go beyond money and status
အကြိုက်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ အဝေးပြေးကားတွေကို ညဘက်ဆို ရဲတွေ စစ်ဆေးလေ့ရှိကြတယ်၊ မှောင်ခိုပစ္စည်းတွေ မူးယစ်ဆေးဝါးတွေ ပါမပါပေါ့။ ဘာတွေ လာရှာနေတုန်း လို့ ရဲနှစ်ယောက်ကို မေးကြည့်လိုက်တဲ့အခါ “ဒီလိုပါပဲ၊ အထက်က လုပ်ခိုင်းလို့ လုပ်နေရတာ၊ ဓါတ်မီးနဲ့ ဟိုထိုး ဒီထိုးပေါ့” လို့ဖြေတဲ့ ရဲနဲ့ “ကျွန်တော်တို့အလုပ်က သိပ်ကိုအရေးပါတယ်၊ ကျွန်တော်တို့သာ တခုခုမှားယွင်းသွားရင် တိုင်းပြည်အတွက် အခွန်တွေ နစ်နာမယ်၊ မူးယစ်ဆေးဝါးဆိုလည်း လူငယ်တွေအတွက် သိပ်ကို အန္တရာယ်များတယ်” လို့ဖြေတဲ့ ရဲ၊ အဲဒီနှစ်ယောက်ရဲ့ အရည်အချင်း နဲ့ စွမ်းဆောင်ရည် (Performance) ဟာ တခြားစီ ဖြစ်နေမှာ အမှန်ပါပဲ။ အလုပ်ကို ပေါ့ပေါ့လေးပဲ ခံယူထားရင် ပေါ့ပေါ့လေးပဲ လုပ်မှာပါ၊ ဒီတော့ ပေါ့ပေါ့လေးပဲ အောင်မြင်မှာပေါ့။ လူတစ်ယောက် သူ့အလုပ်မှာ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးဟာ ဘာလဲဆိုရင် သူ့အလုပ်ကိုသူ ဘယ်လိုသဘောထားလဲ ဆိုတာပါပဲ။



၄။ လူမှုဆက်ဆံရေး (Social skill)

ခေါင်းဆောင်မှု စွမ်းရည်၊ စည်းရုံးလှုံ့ဆော်နိုင်စွမ်း၊ အသင်းအဖွဲ့ စိတ်ဓါတ်၊ ဒါတွေအကုန်ပါဝင်ပါတယ်။ လူမှုဆက်ဆံရေး လို့ပြောလိုက်ရင် လူတွေက စကားပြောကောင်းတာကိုပဲ ပြေးမြင်တတ်ကြတယ်။ လိုအပ်တာတော့ မှန်ပေမဲ့၊ ခိုင်မြဲပြီး အပြန်အလှန် အကျိုးပြုတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အဲဒါထက် ပိုအရေးကြီးတာက ခံယူ ချက်ပါ။ ကျွန်တော်သောက်ထားတဲ့ ပိုက်ကို နောက်တစ်ယောက်က အအေးယူသောက်တဲ့အခါ ဖယ်ပစ်လိုက်လို့ ကျွန်တော့်စိတ်ထဲ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ HIV ပိုးရှိသူ တစ်ယောက်ကိုသာ ဒီလိုပြုမူမိလိုက်ရင်တော့ အကြီးအကျယ် စိတ်မကောင်း ဖြစ်သွားနိုင်ပါတယ်။ ဘာလို့ဆိုတော့ ငါက ဒီလိုပိုးရှိနေလို့ သူဒီလိုလုပ်တာ ဆိုပြီး ထင်မြင်ယူဆသွားလို့ပါ။



လူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း ဒီလိုပါပဲ။ တချို့ဟာ ရုပ်ရည်မရှိလို့၊ လူကောင်သေးလို့၊ အသက်ငယ်လို့ အတွေ့အကြုံ မရှိလို့ စသဖြင့် ကိုယ့်ကိုယ်ကိုယ် အငုံ့စိတ် (Inferiority complex) ဝင်နေတဲ့အခါ လူတွေနဲ့ ဆက်ဆံရ အဆင်မပြေတော့ပါဘူး။ သူများအတွက် သာမန်လို့ထင်ရတဲ့ ကိစ္စလေးတွေက သူ့အတွက်တော့ ငါ့မို့လို့ လုပ်တာ၊ ငါ့ကို စော်ကားတာ၊ ငါ့ကို ပညာပြတာ စသဖြင့် ထင်မြင်သွားတတ်ပါတယ်။
အဲဒီနောက်တော့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရအဆင်မပြေတော့ပါဘူး။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိရဲ့လား ယုံကြည်မှုရှိရဲ့လား ဆိုတာအပြင် တခြားလူတွေအပေါ်မှာ တခြားလူတွေရဲ့ အလုပ်တွေအပေါ်မှာ ဘယ်လိုသဘောထားလဲ ဆိုတာကပါ ပေါင်းသင်းဆက်ဆံရေးမှာ သိပ်အရေးပါပါတယ်။



၅။ ကိုယ်ချင်းစာတရား (Empathy)



ကျွန်တော် NGO မှာ အလုပ်စဝင်တော့ ကျွန်တော်နဲ့အတူ အလုပ်လုပ်တဲ့သူတွေဆီက လစာတိုးပေးဖို့ အကြောင်း ကြားရတဲ့အခါတိုင်း သိပ်စိတ်ပျက်ဖူးတယ်၊ ဒီအလုပ်လုပ်တာ ဘယ့်နှယ့်လစာကို အဓိက ထားရတာလဲ၊ ပရဟိတစိတ်ကို အရင်းခံရမှာပေါ့ လို့တွေးဖူးခဲ့တယ်။ ကိုယ်ကတော့ ပြောနိုင်တာပေါ့၊ ကိုယ့်ကို မှီခိုစားသောက်နေတဲ့သူဆိုတာမှ မရှိဘဲကိုး။ ကိုယ်ရတာ ကိုယ်သုံးရုံပဲ။ ဒါပေမဲ့ သူတို့ကျတော့ အဲလို ဟုတ်မနေဘူး။

အကြောင်းတိုက်ဆိုင်လို့ သူတို့အိမ်တွေ ရောက်ဖြစ်ခဲ့တဲ့အခါ အဖေက အိပ်ရာထဲ လဲနေတာ၊ အမေဖြစ်သူက အဖေ့ကို ပြုစုရင်း ကလေးအငယ်လေးတွေကို စောင့်ရှောက်နေရတာတွေ မြင်ရတော့မှ သူများဘက်က တွေးမကြည့်ခဲ့ဖူးတဲ့ ကိုယ့်ကုယိ်ကိုယ် သိပ်စိတ်ပျက်ခဲ့ရတယ်။ အဲဒီနေ့ဟာ ကျွန်တော့်ရဲ့ ရင့်ကျက်မှုကို တစ်ဆင့်တက်စေခဲ့တဲ့ နေ့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်တော့ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံတဲ့အခါမှာလည်း ပိုအဆင်ပြေလာတယ်။ ကိုယ်လိုချင်တာတစ်ခုတည်း သိတာမျိုး မဟုတ်တော့ဘဲ တစ်ဖက်မှာ ရှိနေနိုင်တဲ့ အခက်အခဲတွေကိုပါ နားလည်ပေးတတ်လာတယ်။ တကယ်တော့ ကိုယ်ချင်းစာစိတ်ဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့အတွက် အသက်သွေးကြောဆိုလည်း မမှားပါဘူး။

ယေဘုယျအားဖြင့်တော့ အောင်မြင်မှုတစ်ခုရဲ့ ၁၀%ကသာ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်မှုကြောင့် ဖြစ်ပြီး ကျန် ၉၀% ကတော့ စိတ်ဓါတ်အရည်အသွေးအပါအဝင် တခြားသော အကြောင်းအရာတွေကြောင့်လို့ စိတ်ပညာရှင်တွေက လက်ခံထားကြပါတယ်။ ဟားဗတ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ သူတွေကို လုပ်ထားတဲ့ လေ့လာမှုတစ်ခုမှာဆို စာမေးပွဲဝင်ခွင့်အမှတ်လို ဉာဏ်ရည်ကို တိုင်းတာထားတဲ့ ရလဒ်တွေနဲ့ လူတွေရေဲ့ အာင်မြင်မှုဟာ လုံးဝဆက်စပ်မှုမရှိဘူးလို့ကို ဖော်ပြထားတာပါ။



ကြားဖူးတာလေး ရှိပါတယ်။

A bad attitude is like a flat tire, you can’t go anywhere until you change it.
အားနည်းနေတဲ့ စိတ်ဓါတ် (အဆိုးမြင်စိတ်) ဆိုတာဟာ ပေါက်နေတဲ့ဘီးနဲ့ တူပါတယ်၊ အဲဒီဘီးကို အသစ်မလဲမချင်း ကိုယ်ရောက်ချင်တဲ့ နေရာကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။ ဘဝမှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် စိတ်ဓါတ်အရည်အသွေး (Emotional quotient) အားကောင်းဖို့ လိုပါတယ်။



ဒေါက်တာ ဖြိုးသီဟ

၂၄.၂.၂၀၁၅



Comments


  1. 💕အားလုံးနဲဆိုင်တယ်

    ဒီတိုက်ပွဲဟာနိုင်မယ့်တိုက်ပွဲ
    အမှန်တရားအတွက် အသက်စွန့်ဝံ့သူတွေအတွက်
    ကျ‌နော်တို့ နောက်တန်းရဲဘော်များက ကိုယ်နိုင်တာအားလုံး ထောက်ပံ့ကြရပါမယ်💕

    လိပ်ပြာလုံကြမယ်နော် 🦋🦋🦋

    ReplyDelete
    Replies
    1. ဆောင်းတော့ ဆောင်းပဲ
      ဒါပေမယ့် ရင်ထဲမှာတော့
      အရမ်းကို ပူပါတယ်...

      Delete
    2. အောင်ကိုအောင်ရမယ့်တော်လှန်ရေး

      Delete
    3. ဖိုက်တင်းးး

      Delete
  2. EQ is more important than IQ.

    EQ = IQ + Humanity


    ReplyDelete
  3. နှိပ်ပြီးပါဗြီ......

    ReplyDelete
  4. Every clickers matter
    Every clicks matter
    Don't give up
    Keep Going

    ReplyDelete
  5. ဆင်းရဲရဲချမ်းသာသာစိတ်ဓါတ်ကအဓိက
    moonshine

    ReplyDelete
  6. အဆုံးထိတိုက်မယ် ဒါတိုက်ပွဲ ဒါတာဝန်ပဲ

    ReplyDelete
  7. မြန်မာ့ဒီမိုကရေစီ ခရီး မှာ ပြည်သူသာအဓိက မို့
    နိုးကြားရုန်းထကြ

    ReplyDelete
  8. ကောက်ရိုးမီးမဟုတ်

    ReplyDelete
  9. အောင်တော့မည်

    ReplyDelete
  10. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  11. အကြမ်းဖတ်စစ်တပ်အမြစ်ဖြတ်

    ReplyDelete
  12. ကျေးဇူးပါဗျ ဆရာသမားတွေ့နဲ့ ကလစ်တဲ့သူအားလုံး ကိုယ်စိတ်နှစ်ပါး ဘေးကင်းလုံခြုံကြပါစေဗျ ❤❤❤

    ReplyDelete
  13. ငါတို့ နိုင်ကိုနိုင်ရမယ်...

    ReplyDelete
  14. အနေချောင်ချင်လျှင် အသေကြပ်လိမ့်မည်

    ReplyDelete
  15. fight to click the end! Not straw fire. ❤❤❤❤❤

    ReplyDelete
  16. မန်ယူပွဲလေးကြည့်နေလို့နောက်ကျသွားတယ်ဗျာ

    ReplyDelete
  17. We Click,We Support & We win.

    ReplyDelete
  18. Done
    Salute to all heroes

    ReplyDelete
  19. ကိုယ်ချင်းစာတရားလေးထားပေးကြပါ

    ReplyDelete
  20. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  21. စစ်အာဏာရှင်စနစ်ဆိုးကျိ မုချကျဆုံးကမည်✌✌

    ReplyDelete
  22. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  23. ချမ်းမြေ့ပါစေ PDF🙏🙏

    ReplyDelete
  24. အဆုံးသတ်တိုက်ပွဲ

    ReplyDelete
  25. နွေးထွေးပါစေဆိုတဲ့စကားထက်
    ဆောင်းက ပိုအေးတယ်
    ❄️❄️❄️❄️❄️❄️❄️❄️

    ကရုဏာသက်ရင်
    ကလစ်တစ်ချက်တော့
    နှိပ်ပေးပါ ☝🏻
    Crd

    ReplyDelete
  26. ဘေအကူညိတောင်းပါရစေ အခက်ခဲဖြစ်နေလို့ပါ ဒေတာသမားဆိုတော့09980927027

    ReplyDelete
  27. ဟုကဲ့ ပေါက်နေတဲ့ တာယာကို လဲပစ်မယ်....
    ဟမ်...ဒါပေမဲ့ တာယာတွေ ဈေးကြီးလိုက်တာ...
    စက်ဘီးအဟောင်းလေးတစ်စီးဝယ်မို့ဟာလည်း ခုထိမဝယ်ရသေး 😪

    ReplyDelete
  28. သိပ်ကောင်းတဲ့ knowledge ပါ

    ReplyDelete
  29. မင်း ငြိမ်းချမ်းပါစေ ။🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕

    ReplyDelete
  30. Great n support it.
    15 July 2022.
    From C2d.

    ReplyDelete
  31. ချစ်တယ်...💗💕💞

    ReplyDelete
  32. Fighting 💪🏻🙆🏻‍♀️

    ReplyDelete
  33. ဘေလှူသောသူကမရှိကြတေ့ာလား ခုတခါအလှူခံမရသာကြာပါပြိဗျာ ကူညိကြပါအုံး ကလစ်အမျိူးတို့ရေ09980927027

    ReplyDelete
  34. 💪💪💪💪

    ReplyDelete
  35. အရေးတော်ပုံမုချအောင်ရမည်

    ReplyDelete
  36. ဘေကူညိကြပါအုံး ဒေတာသမားဆိုတော့ နေ့စဉ်မနဲ့ကိုးစားနရပါတယ်ကူညိနုင်သူများကူညိကြပ့09980927027

    ReplyDelete
  37. ရေဒီယိုတေး စိတ်ကြိုက်ရွေးJuly 20, 2022 at 3:41 AM

    done

    ReplyDelete
  38. Let's click and click together ...

    ReplyDelete
  39. နိုင်ကိုနိုင်ရမည်

    ReplyDelete
  40. Great n support it.
    28 July 2022.
    From C2d.

    ReplyDelete
  41. Till The End.
    အရင်ထက်ပို ထောက်ပို့မယ်.

    ReplyDelete
  42. Yes.. we r click

    ReplyDelete
  43. အရေးတော်ပုံ 👍
    အောင်ရမည် ✊
    အောင်ရမည် ✊
    အောင်ရမည် ✊

    ReplyDelete
  44. ငါတို့clickerတွေညီရဲ့လားဟေ့

    ReplyDelete
  45. စာအုပ်နာမည်လေးသိချင်လိုက်တာ

    ReplyDelete
  46. fighting clicker တို့ရေ💪💪💪💪💪

    ReplyDelete
  47. ယုံကြည်​ ခြင်းနဲ့ကြိုးစားထားမှတစ်​ချိန်​မှာ​အောင်​မြင်​လွတ်​​မြောက်​မယ်​မဝုလား

    ReplyDelete
  48. လိမ္မာယဉ်ကျေးကလေးလေးJuly 28, 2022 at 9:08 PM

    ❤️

    ReplyDelete
  49. နိုင်ကိုနိုင်ရမယ်

    ReplyDelete
  50. အရှုံးမပေးမချင်းငါတို့နိုင်တယ်

    ReplyDelete
  51. အရေးတော်ပုံအောင်ရမည်

    ReplyDelete

Post a Comment