ဖရက်ဒီမာကျူရီ

ဖရက်ဒီမာကျူရီ



I won’t be a rockstar, I will be a legend.



ကျွန်တော်တို့နှစ်သက်သဘောကျတဲ့ ဂီတအနုပညာရှင်တွေကို ပျမ်းမျှ နှစ်မျိုးနှစ်စားခွဲလို့ရပါလိမ့်မယ်။ မွေးရာပါ ပါရမီထူးကဲပြည့်စုံတဲ့သူတွေရယ် နဲ့ ကြိုးစားအားထုတ်မှု ကောင်းလွန်းသူတွေဆိုပြီးတော့ပေါ့ ။ အဲဒီ နှစ်ခုလုံးအချိုးကျပေါင်းစပ်နိုင်သူတွေက ကမ္ဘာကျော် ဂီတအနုပညာရှင်တွေဖြစ်လာတာပါပဲ ။ Freddie Mercury ကတော့ခြွင်းချက်ပါ ။ ဘာလိုလဲဆိုတော့ သူကတော့ အဲ နှစ်ခုလုံးကိုအချိုးကျပေါင်းစပ်နိုင်ရုံမျှမကဘဲ နှစ်ခုလုံးကိုသာမန်ထက်ကို ပိုလွန်းမက ပိုနေလို့ပါပဲ ။



Queen ဆိုတဲ့နာမည်ကြားလိုက်ရုံနဲ့ ကျွန်တော်တို့အသိဥာဏ်ထဲမှာ ဘာအကောင်းဆုံးလဲလို ပြန်ရွေးရခက်လောက်အောင်ကို အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ သီချင်းတွေအစီအရီပါပဲ ။ Bohemian Rhapsody , We are the Champions, Love of My Life , Somebody to love စသဖြင့် စသဖြင့်ပြောမကုန်နိုင်အောင်ကို အခမ်းနားဆုံး ဂီတအနုပညာတွေဖော်ဆောင်နိုင်ခဲ့သူပါ ။



ဒီနေရာမှာကျွန်တော်တစ်ခုလောက်ကြားဖြတ်ပြောပါစေ။ ကျွန်တော်ရေးတဲ့ ဂီတအနုပညာရှင်တွေအကြောင်းတွေဟာ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေမဟုတ်ပါဘူး ။ သမိုင်းမှတ်တမ်းမှတ်ရာတွေမဟုတ်ပါဘူး ။ အရက်ဘားမှာ coffee shop မှာ မိတ်ဆွေတစ်ဦးက သူ့မိတ်ဆွေတစ်ဦးကို သူသိထားတာတချို့ပြန် share တဲ့ သဘောတစ်ကိုယ်စာပုဂ္ဂလိက အမြင်တချို့ကို မိတ်ဆွေအချင်းချင်း စားမြုံပြန်တဲ့သဘောပါ ။

ဒါပေမယ့်အဲဒီလိုပေါ့ပေါ့ပါးပါးပြောမယ်ဆိုရင်တောင် Freddie Mercury နဲ့ Queen ရဲ့အကြောင်းအရာတွေဟာ ဘုန်းတော်ဘွဲ့ဖြစ်သွားလောက်သည်အထိကို ခမ်းနားပြည့်စုံလွန်းတဲ့ အနုပညာရှင်တွေပါ။အရှိကိုအရှိအတိုင်းထိုင်ပြောနေရင်တောင် အလွန်အကျွံချီးမြှောက်မှုတွေလို့ထင်ရလောက်သည်အထိကို အနုပညာမှော် အနုပညာစျာန်တွေ ထုံမွှန်းပြည့်စုံနေတဲ့ အနုပညာလက်ရာတွေဖြစ်နေတာဖြစ်ပါတယ် ။




Freddie Mercury ဟာ ကလေးပေါက်စလေးကတည်းက Piano ခလုတ်တွေပေါ်ကို လက်စတင်ခဲ့သူ ဖြစ်ပါတယ် ။ Freddie ရဲ့ Queen ဟာ Freddie နဲ့စတင်ခဲ့တာတော့မဟုတ်ပါဘူး ။ Queen ရဲ့ Drummer နဲ့ Lead Guitarist တွေဖြစ်တဲ့ Roger Taylor နဲ့ Brian May တိုရဲ့ Smile ဆိုတဲ့ Band ကနေစတင်ခဲ့တယ်ဆိုရပါမယ် ။ Freddie Mercury ဟာ အဆိုပါ Smile ဆိုတဲ့ band ရဲ့ပရိသတ်တစ်ဦးဖြစ်ခဲ့ပါသတဲ့ ။ Smile ရဲ့ ပင်တိုင်အဆိုတော်ထွက်သွားချိန်မှာတော့ Freddie Mercury ဟာ Smile ရဲ့ ပင်တိုင်အဆိုတော်ဖြစ်လာခဲ့ပါတယ် ။ Freddie ရဲ့ရှေ့ကိုအနည်းငယ်ထွက်နေတဲ့ရှေ့သွားတွေကြောင့် အသံပိုင်းဆိုင်ရာမှာ ပြဿနာရှိနိုင်တယ်လိုအထင်ခံခဲ့ရဖူးပါတယ် ။ သူရဲ့ အိမ်ဖြစ်လာမယ့် Smile ( Queen ) ဆီကနေပြီးတောင်မှပါ ။ လူတွေကအားနည်းချက်လိုထင်တဲ့အရာကို အားသာချက်ဖြစ်အောင်လုပ်ပြနိုင်ခဲ့တဲ့ Freddie ပါပဲ ။ နောက်ပိုင်းမှာတော့ band နာမည်ဟာလည်း Queen ဆိုပြီး ဖြစ်လာခဲ့ပါတယ် ။

Queen နဲ့ Freddie ရဲ့ ဆုတွေ အောင်မြင်မှူတွေ စာရင်းဇယားတွေ အကြောင်းမရေးပြတော့ပါဘူး ။ အပေါ်မှာပြောခဲ့သလို တန်းစီချရေးရင်တောင် မနည်းမနောရှည်လျားတဲ့ ဘုန်းတော်ဘွဲ့ကြီးဖြစ်သွားနိုင်လို့ပါပဲ ။



ဘာသာရေးရှေးရိုးအစဉ်လာအစွဲကြီးတဲ့ မိဘမျိုးရိုးမိသားစု နဲ့ Mega Rockstar တစ်ယောက်ရဲ့ ဘဝနေထိုင်မှုတွေကြား ၊ လူမှုရေး အိမ်ထောင်ရေး အခက်အခဲတွေကြား ၊ သူ့ဘဝရဲ့ နောက်ဆုံးနှစ်တွေမှာဆို ကျန်းမာရေး အခက်အခဲတွေကြားကနေ Freddie Mercury ဟာကျွန်တော်တို့အတွက် ယနေ့တိုင် ဟောင်းနွမ်းရိုးအီမသွားမယ့် အနုပညာတွေ ထားခဲ့ပေးနိုင်သူဖြစ်ပါတယ် ။

( 05.09.1946 ~ 24.11.1991 )


ကျွန်တော်ထပ်ပြောပါရစေ ။ Freddie နဲ့ Queen ရဲ့ ခမ်းနားမှူတွေဟာ ခုကျွန်တော်ရေးသလောက်စာပိုဒ်အနည်းငယ်နဲ့ လုံးဝ ပြည့်စုံနိုင်မှာမဟုတ်ပါဘူး ။ သာမန်အစဆွဲထုတ်ရုံလောက်ပဲကျွန်တော်ရေးပြတာမို သူ့အကြောင်းစာအုပ်တွေ လည်းမနည်းမနောရေးသားခဲ့ကြတဲ့အတွက်ရှာပြီးဖတ်ရှူနိုင်သလို ၂၀၁၈ တုန်းက ထွက်ရှိခဲ့တဲ့ Bohemian Rhapsody ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ကြည့်ကြည့်ဖိုညွှန်းပါရစေ။

အနုပညာကိုဘယ်လိုဘောင်ခတ်မှူမျိုးကိုမှမနှစ်သက်တဲ့ ၊ ကြောင်လေးတွေကိုချစ်တတ်တဲ့ ကျွန်တော်တိုရဲ့ တော်ဝင်ဂီတမှော်ဝင်သည်ကြီး Freddie Mercury ဟာ ကျွန်တော်တိုကို စွန့်ခွါသွားတာဆယ်စုနှစ် နှစ်ခုကျော်လောက်တောင်ရှိခဲ့ပေမယ့် သူချန်ထားခဲ့တဲ့ အနုအပညာတွေကတော့ ကျွန်တော်တိုနဲ့ နောက်ရာစုနှစ်ပေါင်းများစွာတည်ရှိနေဦးမှာကတော့ အသေအချာပါပဲ ။



ကလစ်ကာတစ်ယောက်

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. နှိပ်ပြီးပါဗြီ

    ReplyDelete
  3. Oh mama mia, mama mia, mama mia, let me go

    ReplyDelete
  4. ပြည်သူ့အားမှာ ဒါတွေ ကို ဖတ်ထားပီးပါဘီ 😁

    ReplyDelete
  5. Queen ရဲ့ သီချင်း တွေ ကြိုက်တယ်

    ReplyDelete
  6. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  7. We shall never surrender 💪💪💪

    ReplyDelete
  8. thanks for giving the knowledge...

    ReplyDelete
  9. သူ့ကိုတော့ အမှန်အတိုင်း ဝန်ခံရရင် မင်မင် တို့ website ထဲဝင်ဖန်မှ သိတာ၊ မဒမ်ကျူရီ နဲ့ ကော ဆက်စပ်မှု ရှိလား သူက🤔

    ReplyDelete
    Replies
    1. သီချင်းတွေကြားလိုက်ရင်သိပါတယ်။ နာမည်ကျစိမ်းနေလို့မသိတာပါ

      Delete
    2. မဒမ်ကျူရီ နဲ့တော့မပတ်သတ်လောက်ဘူး
      မာကျူရီဂြိုဟ်မျိုးနွယ်တော့ဖြစ်လောက်တယ်..(နောက်တာဘာ) သူ့အကြောင်းဖတ်ရင်း ဗန့်ဂိုးအကြောင်းပါခေါင်းထဲရောက်လာတယ်..
      Genius တွေဘဝက ဘယ်လိုပြောရမှန်းမသိတော့ဘူး..

      Delete
  10. Every clickers matter
    Every clicks matter
    Don't give up
    Keep Going

    ReplyDelete
  11. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  12. နောက်ဆုံးကျ

    ကျွန်တော်တို့ အမှတ်ရနေမှာက

    ရန်သူတွေရဲ့စကားတွေမဟုတ်ပဲ

    မိတ်ဆွေတွေရဲ့တိတ်ဆိတ်မှုတွေကိုပါ

    လိပ်ပြာလုံကြပါစေ။

    ReplyDelete
  13. ဖတ်ပြီးလဲထပ်ဖတ်မှာ။ကလစ်ရပြီးရော

    ReplyDelete
  14. ငါတို့နိုင်မှာ

    ReplyDelete
  15. ဖရက်ဒီ မာကျူရီ

    ReplyDelete
  16. စိတ်ပျော်လည်း Click
    စိတ်မပျော်လည်း Click
    Click လို့ရတုန်း Click

    ReplyDelete
  17. ငါတို့နိုင်မှာ

    ReplyDelete
  18. May you be free from anxiety, worries and suffurings.🙏

    ReplyDelete
  19. မြန်မြန်အောင်ပွရဖို့များများကလစ်ကြစို့။

    ReplyDelete
  20. ဒီလို အနုပညာရှင်တွေနဲ့ စိတ်ခွန်အားဖြစ်တဲ့ ဆောင်းပါးလေးတွေဖတ်ရတာ click ရင်း အကျိုးရှိဆိုသလိုပဲ... အရမ်းမိုက်ပါတယ်��

    ReplyDelete
  21. ပြည်သူချစ်တဲ့ PDFတွေ ​ဘေးရန်ကင်းကြပါ​စေ
    တိုက်ပွဲတိုင်းနိူင်ကြပါ​စေ

    မှ TT

    ReplyDelete
  22. ပြည်သူချစ်တဲ့ PDFတွေ ​ဘေးရန်ကင်းကြပါ​စေ တိုက်ပွဲတိုင်းနိူင်ကြပါ​စေ

    ReplyDelete
  23. များများclickကြပါ

    ReplyDelete
  24. ပြည်သူ့ရင်သွေးတွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့အခါ ကျမတို့ဟာ သူတို့ကို စိတ်ဓာတ်အားဖြင့် ကူညီနေလို့ မပြီးသေးဘူး။ သူတို့ကို စစ်ရေးနိုင်အောင် အထောက်အပံ့တွေ ကူညီပေးရမယ်။ ဒါမှလည်း လွတ်မြောက်ရေးတိုက်ပွဲတွေ ဆင်နွှဲအောင်မြင်နိုင်လိမ့်မယ်။

    ဘာမှမဖြစ်ခဲ့သလို မနေကြပါနဲ့
    ဆုံးရှုံးထားရတာတွေက အနာတောင်မကျက်သေးပါဘူး။
    ပျော်ရွှင်မနေကြပါနဲ့ နေရာတိုင်းမှာ အသက်ပေးပြီး လွတ်လပ်မှုအတွက်တိုက်ယူနေကြရတာပါ။

    ReplyDelete
  25. click with love 💛💚💙💜❤

    ReplyDelete
  26. ကလေးတွေကို br ထဲပို့ခဲ့တယ်
    ခဏလာကလစ်တာ
    နောက်တစ်ခေါက်မှ စာဖတ်တော့မယ်နေယ် 😂😂😁

    ReplyDelete
  27. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  28. ဓမ္မ က အချိန်တန်ရင် အဓမ္မ ကို နိုင်မှာပါ အချိန်ကအဖြေပေးသွားမှာပါ💪💪💪

    ReplyDelete
  29. ထူးကဲပညာရှင်

    ReplyDelete
  30. Click တစ်ခုချင်းကနေ အောင်ပွဲတွေရရှိပါစေ

    ReplyDelete

  31. 💕အားလုံးနဲဆိုင်တယ်

    ဒီတိုက်ပွဲဟာနိုင်မယ့်တိုက်ပွဲ
    အမှန်တရားအတွက် အသက်စွန့်ဝံ့သူတွေအတွက်
    ကျ‌နော်တို့ နောက်တန်းရဲဘော်များက ကိုယ်နိုင်တာအားလုံး ထောက်ပံ့ကြရပါမယ်💕

    ReplyDelete
  32. ဒီနေ့လက်တေနှေးနေတယ်🙁
    moonshine

    ReplyDelete
  33. ငါတို့နိုင်မှာပါ 100

    ReplyDelete
  34. ဒီလိုမျိုး post တွေများများတင်ပေးပါ admin

    ReplyDelete
  35. အောင်တော့မည်

    ReplyDelete

Post a Comment