Zodiac များ

အလင်းဓာတ်နှင့်အမှောင်ဓာတ် ယင်တရားနှင့် ယန်တရားရဲ့ပေါင်းစပ်မှုကနေ အချိန်စီးကြောင်းကြီးစတင်ခဲ့ပြီး စကြာဝဌာအလွှာပေါင်းများစွာကိုဖွဲ့စည်းဖြစ်ပေါ်စေတယ်။ထိုစကြ်ာဝဌာများစွာတွေထဲက နေအဖွဲ့အစည်းရဲ့ဂြိုလ်လေးတစ်လုံးပေါ်က လူသားတွေရဲ့ညာဏ်ရည်အားဖြင့်လိုက်မမှီသော အရှိတရားများစွာဟာ စကြ်ာဝဌာတွင်းမှာ နဂိုထဲက ဖြစ်တည်ပြီး တည်ရှိပြီးဖြစ်တယ်။ထိုအထဲမှာ စကြ်ာဝဌာရဲ့စည်းချက်စနစ်တွေ ရောင်ခြည်တို့ရဲ့စနစ်တွေ ချိတ်ဆက်နေတဲ့ သဘောတရားတွေဟာအဓိကနေရာကရပ်တည်နေတယ်။

စကြ်ာဝဌာထဲက ဂြိုလ်တွေ နတ်ခတ်တွေဟာစည်းချက်တို့နဲ့အညီဖြစ်တည်ရွေ့လျားနေပြီး စည်းချက်တစ်ခုပျက်သုဥ်းမှုကနေမှ ထောင်ပေါင်းများစွာသောဂြိုလ်တို့ပျက်စီးသွားနိုင်ပါတယ်။ လူသားတို့ရဲ့ ကမ္ဘာကြီးဟာတောင်မှ နေမင်း နဲ့ လမင်းအမှူးပြုလို့ ဂြိုလ်တွေရဲ့ စည်းချက်ထိမ်းကွပ်မှုတွေနဲ့ ညီမျှနေခြင်းဖြစ်တယ်။ ဒီလိုဂြိုလ်တွေရဲ့လည်ပါတ်နေမှုက ကမ္ဘာ ကြီးရဲ့ယနယားလည်ပါတ်မှုကို အနည်းနှင့်အများ သက်ရောက်မှုရှိစေပါတယ်။ဒါတွေကြောင့်လဲ ဂြိုလ်နခတ်တို့ရဲ့လမ်း သွားလာမှုကနေ ဗေဒင်ပညာ နတ်ခတ်ပညာတွေစတင်ထွန်းကားလာခဲ့ခြင်းဖြစ်တယ်။ တချို့သော လမ်းကြောင်း နတ်ခတ်တို့ဟာလူ့သက်တမ်းမှာတစ်ခါပြန်ပေါ်ဖို့တောင်ခက်ခဲလှတယ်။တချို့ ဂြိုလ်လမ်း နတ်ခတ်တွေက နစ်ပေါင်းရာချီမှတစ်ခါ နစ်ထောင်ချီမှတစ်ခါပြန်ထပ် ပြန်လာလေ့ရှိတယ်။ နတ်ခတ်ပညာ ဗေဒင်ပညာအများစုက ခေတ်အဆက်ဆက်ပညာရှင်တို့ရဲ့မှတ်တမ်းမှတ်ရာ လေ့လာမှုတွေကနေဆင်းသက်လာခြင်းဆိုလဲမမှားဘူး။ဒါပေမဲ့ အရာရာက ဂြိုလ်တွေ နတ်ခတ်တွေရဲ့လွမ်းမိုးမှုအောက်မှာလဲရှိမနေပါဘူး။ဒါပေမဲ့ ရှိနေတဲ့အရာတွေကလဲရှိနေပါတယ်။

နတ်ခတ်တွေဖြစ်တဲ့ zodiacတွေဟာလဲအလားတူပါပဲ အရှေ့တိုင်းပညာ အနောက်တိုင်းပညာ တို့ရဲ့နတ်ခတ်ပညာရပ်တွေမှာလဲ သတ်မှတ်ချက် ဟောချက် သဘောတရားတွေ ထပ်တူကျကြတာကအံ့သြစရာပါပဲ။

အချိန် တိုင်းဟာစကြ်ာဝဌာနဲ့မတူတဲ့စည်းချက်တွေ တုန်ခါမှုတွေ စွမ်းအင်ကွာဟမှုတွေနဲ့အတူရှေ့ဆက်နေတဲ့အလျောက် အရာရာအပေါ်သက်ရောက်မှုရှိနေပါတယ်။တစ်နည်းလူသားတွေ အပင်တွေ တိရိဆန်တွေတွေတောင်မှ ဒီလွှမ်းမိုးမှုအဟုန် စွမ်းအင်တွေကို အနည်းနှင့်အများလက်ခံယူကြရ သက်ရောက်ခံကြရပါတယ်။ထိုအထဲမှာ စိတ်သည်လဲအပါအဝင်ဖြစ်တယ်။ နေ နှင့်လ ရဲ့ပုံ နေ့နင့်ည ရဲ့ energyအပေါ်မူတည်ပြီးတောင်လူတို့ရဲ့စိတ်ကပြောင်းလဲနေတတ်တာပဲ နတ်ခတ်တွေရဲ့ရွေ့လျားမှုကရောမသက်ရောက်ဘူးလို့ပြောမရပါဘူး။scientific နည်းကျမဟုတ်ဘူးလို့ဘယ်လိုပြောပြော ဒါကခုလူသားတွေရဲ့ညာဏ် အသိလောက်နဲ့ လက်တွေ့မပြနိုင်တာပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဘာလို့လဲ? နယူတန် သက်သေပြမှ နယူတန်ရှာတွေမှ မြေဆွဲအားကြီးကိုရှာတွေ့ကြတာ မြေဆွဲအားဆိုတာကြီးဖြစ်လာတာမှမဟုတ်ပဲ။လူသားတွေရဲ့ ဘိုးဘေးကာလထဲက စကြ်ာဝဌာရဲ့ creationတွေထဲ ဆွဲအားတွေကရှိပြီးသားပဲ။အဲ့ထဲမှာမှ ညာဏ်ကောင်းတဲ့နယူတန်က တွေ့ရှိပြီးလူသားlimitနဲ့သက်သေပြနိုင်လို့ ဆွဲအားဆိုတာကြီးက scientificနည်းကျသွားတာပါပဲ။

ပြောချင်တာက လူသားတို့ရဲ့ညာဏ် လူသားတို့ရဲ့limitနဲ့မတွေ့နိုင် မမြင်နိုင် မသိနိုင် သက်သေမပြနိုင်တဲ့ဆန်းကျယ်မှုများစွာက နဂိုထဲက စကြာဝဌာအပြည့်ရှိနေပြီးသားပါပဲ။ ဒါကြောင့် သိစိတ်ရှိတဲ့ အသက်ရှိတဲ့အရာတွေရဲ့မွေးဖွားမှု Cycle မှာ အပူချိန် ရာသီဉတု ရာသီ ထိုမှ နေ လ ကြယ် ဂြိုလ် နတ်ခတ် စသဖြင့်သူ့အဆင့်နဲ့သူရဲ့လွမ်းမိုးခံရမှုတွေရှိကြပါတယ်။ဒါပေမဲ့ မတူတာက ပါတ်ဝန်းကျင် အသိုင်းအဝိုင်း နေရာဒေသ လမ်းစဥ်တွေအလိုက်ကဲဲပါးလာတာတွေကလဲရှိတာပဲ။ဒါကြောင့်လဲ လူ့ဘဝဟာအဓိပါယ်ရှိနေတာပါပဲ။ပြောင်းလဲလို့မရတဲ့ကံတရား ၅၀ ရာခိုင်နှုန်းကလူတိုင်းပိုင်ဆိုင်ပြီးသားပါ။ကျန်တဲ့ ၅၀ရါခိုင်မှုန်းကတော့ကိုယ့်အပေါ်မူတည်ပါလိမ့်မယ်။ဒီ balanceက ပုံသေလို့တော့ပြောမရပါဘူး။တချို့မှာ ပြောင်းလဲမရတဲ့ကံတရားက ၈၀ ရာခိုင်နှုန်းအထိရှိပြီး ပြောင်းလဲလို့ရတဲ့ကံတရားကလက်ထဲ ၂၀ရါခိုင်နှုန်းပဲရှိချင်ရှိပါလိမ့်မယ်။တချို့ရဲ့လက်ထဲမှာတော့ ပြောင်းလဲမရတဲ့ကံတရားက ၂၀ရါခိုင်နှုန်းလောက်ရှိပေမဲ့ ၈၀ရါခိုင်နှုန်းကသူ့လက်ထဲရှိချင်ရှိနေပါလိမ့်မယ်။မွေးဖွားမှုတိုင်းမှာမတူတဲ့ ကံ နဲ့ giftတွေရှိကြပါတယ်။ ဒါတွေကို ပညာရပ်တွေမှာသတ်မှတ်ချက်တွေ တွက်ချက်မှုတွေနဲ့တိုင်းတာအဖြေရှာလေ့ရှိတယ်။

Zodiac နတ်ခတ်တွေက ထို ကံနဲ့ giftတွေကိုအကြမ်းဖျင်းရှာဖွေနိုင်တဲ့ သတ်မှတ်ချက်သဘောတရားတစ်ခုလိုပါပဲ။အတိအကျတော့ဘယ်ဟုတ်မလဲ။ဒါပေမဲ့လွမ်းမိုးကြတာပါပဲ။ မိုးကိုကြိုက်ကြိုက် မကြိုက်ကြိုက် မိုးကတော့ရွာမဲ့အချိန်အခါမှာရွာမှာပါပဲ။သဘောတရားကတော့ဒိလိုပါပဲ။ယုံကြည်ချင်ရင်ယုံကြည်လိုက်ပါ။ယုံကြည်ခြင်းက ကိုယ့်အတွက်လမ်းတစ်ခုဖော်ပေးလိမ့်မယ်။ မယုံကြည်ရင်တော့ မပြောတတ်ပါဘူး။ငြင်းနေတာကလဲလမ်းတစ်ခုတော့ပေါ်လာမှာပါပဲ။

ဒီတော့ မတူတဲ့ zodiac ကာလတွေအောက်မှာမွေးကြတဲ့အလျောက် ကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေ ဝိသေသတွေကိုလေ့လာကြည့်ရင်း ကိုယ့်လမ်းကြောင်းကိုယ်ရွေးခြယ်ကြည့်ကြတာပေါ့။

COPYRIGHT ©️ မှော်ပညာ - THE MAGIC

Comments

  1. ဟိဟိ ဟို​နေ့က ​ဗေဒင်​ဟော​ပေးအုံးလို့ ကျ​နော် ​ပြောဖူးတာ သွား သတိရမိတယ် 😁😁😁

    ReplyDelete
    Replies
    1. Tarot Card Reading လည်းလုပ်ပေးပါ့မယ် ။တကယ်တော့ ဘာမှ နားမလည်လို့ခုမှ စရှာရမှာမို့ ကြာပါဦးမယ် 😅

      Delete
    2. ​ယေ့​ယေ့​ယေ့ ​ပျော်တယ်​ဝေ့
      ကြာလဲ ​မျှော်မယ်
      ကတိ​တော့ တည်​နော် 😄😄

      Delete
    3. ok(စနေ)24/12/22

      Delete

  2. Reply လည်းလိုချင်တယ်
    ဘာမန့်ရမှန်းလည်း မသိဘူး🤭

    ReplyDelete
  3. Tarrot card reading လဲ မိုက်မှာ 🙋

    ReplyDelete
  4. ♓pisces
    ပြန်ဖတ်ခဲ့ပြီ
    မှန်တယ်နော်
    ရေတော့ ကြောက်တယ်😁

    ReplyDelete
    Replies
    1. နောက်မှပဲ နည်းနည်းဆီ update တင်ပေးပါ့မယ် ။

      Delete
    2. ဟူတ်
      မျှော်နေပါ့မယ်🙂

      Delete
  5. ဟုကဲ့
    ဖတ်ခဲ့ပီ😊

    ReplyDelete
    Replies
    1. ကိုယ့်နေ့လေး😊

      Delete
  6. Pisces ♓
    ဟီးဟီး
    အကုန်မှန်ပဲ ရေကြိုက်တာလည်းမှန်တယ် အမှန်ကအအေးကြိုက်တာ ရာသီဥတုတင်မဟုတ်ဘဲ အအေးဓာတ်ရှိတဲ့လူတွေ၊ အရာဝတ္ထုတွေအကုန်ကြိုက်တာ🐟

    ReplyDelete

  7. 🌸ကိုယ်လျှောက်တဲ့လမ်းက
    မှန်ကန်နေရင်
    ကျန်ခဲ့တဲ့ ခြေရာတောင်
    သိက္ခာရှိတယ်🌸


    (ကိုယ့်ကိုယ်ကို ချစ်သလို
    ကိုယ့်ကို တကယ်ချစ်တဲ့သူတွေကိုပဲ ဂရုစိုက်တော့မယ်လို့
    ဆုံးဖြတ်ပြီးတဲ့နောက်
    စိတ်တွေပေါ့ပါးလွတ်လပ်လာတယ်)

    ReplyDelete
  8. 🇦🇧🇨🇩🇪🇫🇬🇭🇮🇯🇰🇱🇲🇳🇴🇵🇶🇷🇸🇹🇺🇻🇼🇽🇾🇿

    ReplyDelete
  9. ဟိုနေ့က ဒီစာအရှည်ကြီးမတွေ့မိပါဘူး 🤔

    ReplyDelete
  10. ဖဋ်ပြီးပြီ

    ReplyDelete
  11. နေစကြာ်ဝဠာ ရောက်သွားပီ😁😁

    ReplyDelete
  12. ကိုယ့်ရာသီဖွားသိအောင်ဘယ်လိုလုပ်ရမလဲ

    ReplyDelete
  13. ဖတ်တော့ဖတ်တာပဲ ဖတ်မေ့ဖြစ်😁

    ReplyDelete
  14. 19/12/2022.(11:25Am)
    ကမ္ဘာဖုလားကြီးကို မိမိအားပေးတဲ့အသင်းအတွက် အောင်ပွဲခံပျော်ရွှင်သလိုမျိုး ငါတို့ပြည်သူ့အောင်ပွဲကိုစိတ်ကူးယဥ်ပြီး ကလစ်အားတင်ကြဟေးးးးးးး

    ReplyDelete
  15. 💪🏻💪🏻💪🏻💪🏻💪🏻💪🏻💪🏻

    ReplyDelete
  16. မိုက်တယ်
    ကျေးကျေးပါ

    ReplyDelete
  17. ဗေဒင် မယုံတဲ့ကျုပ်နဲ့တော့တွေ့ပြီလေ😄

    ReplyDelete
  18. We must win 💪💪💪💪

    ReplyDelete
  19. 💪ကိုေန

    ReplyDelete
  20. New day ❤️ New hope

    ReplyDelete

Post a Comment